အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်ပွားစေပါတယ်။

မြန်မာနိုင်ငံက လင်းနို့တွေမှာ ဆေးသုတေသနပညာရှင်တွေ အအရင်တုန်းက တခါမှ မမြင်ဖူးသေးတဲ့ ဗိုင်းရပ်စ်ပိုးတမျိုးကို PREDICT လို့ခေါ်တဲ့ ကမ္ဘာတလွှား ဗိုင်းရပ်စ် ရှာဖွေရေးအဖွဲ့ကြီးက ရှာဖွေတွေ့ရှိခဲ့တယ်လို့ စမစ်ဆိုနီယံကမ္ဘာ့ကျန်းမာရေး မဂ္ဂဇင်းမှာ ဖေါ်ပြထားပါတယ်။



Photo - Smithsonian





အဲ့ဒီ မြန်မာလင်းနို့မှာ တွေ့ရတဲ့ ဗိုင်းရပ်စ်ပိုးဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်တဲ့ SARS နဲ့ MARS ကိုဖြစ်ပွားစေတဲ့ ဗိုင်းရပ်အမျိုးအစားမှာ ပါဝင်နေတယ်လို့လည်း အမေရိကန်သိပ္ပံပညာရှင်တွေကဆိုပါတယ်။



မကြာသေးခင်ကလည်း ဗိုင်းရပ်အသစ်တစ်မျိုးကို ထိုင်းနိုင်ငံက လင်းနို့်တွေမှာတွေ့ခဲ့ဲရပြီး ခုတော့ မြန်မာပြည်ပြည်က လင်းနို့တွေမှာ အမျိုးအစားမတူတဲ့ ဗိုင်းရပ်အသစ်တွေကို ထပ်ပြီးတွေ့ရတာပါ။ မြန်မာနိုင်ငံက လင်းနို့၊ မျောက်နဲ့ ကြွက်တွေရဲ့ သွေး၊ သွားရည်၊ ကျင်ငယ် နဲ့ မစင်တွေကို ၃ နှစ်ကျော် စုဆောင်း လေ့လာခဲ့ပြီးနောက် အခုလိုတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ PREDICT တာဝန်ရှိသူကပြောပါတယ်။



"မြန်မာနိုင်ငံဟာအရှေ့တောင် အာရှနိုင်ငံတွေထဲမှာတော့ ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါကူးစက်နိုင်တဲ့ စိုးရိမ်ပူပန်ရတဲ့ဧရိယာ ဗဟိုမှာရှိနေတယ်"လို့ PREDICT သားရိုင်းတိရိစ္ဆာန်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Marc Valitutto က ဆိုပါတယ်။



PREDICT အဖွဲ့ဟာမြန်မာနိုင်ငံတလွှားက စုဆောင်းရရှိခဲ့တဲ့ နမူနာ ၁၅ဝဝ ကျော်ကို ဆက်လက်စစ်ဆေးဖို့ ကျန်ရှိနေသေးပြီး မြန်မာ နဲ့ အမေရိကန်ပြည်ထောင်စုက ဓါတ်ခွဲခန်းတွေမှာ ဆက်လက် ဆောင်ရွက်ဖို့လည်းစီစဉ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က