ကြီးမားတဲ့ ငလျှင်လှုပ်ရင် ပျက်စီးနိုင်ချေများပြားတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ၁၉၉၀-၂၀၀၀ ခုနှစ်ကြားထဲဝန်းကျင်လောက်က ဆောက်လုပ်ထားတဲ့ ကန်ထရိုက်တိုက်တွေဟာ ငလျင်ဒဏ်ကို ခံနိုင်ရည်နည်းပါးတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေကပြောဆိုလိုက်ပါတယ်။



destruction-of-old-colonial.jpg

ဇူလိုင် ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ငလျင်ဆိုင်ရာဖိုရမ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါ တယ်။ ရန်ကုန်မြို့မှာရှိတဲ့ အထပ်မြင့်အဆောက်အဦးအချို့မှာထားရှိတဲ့စနစ်တွေဟာ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိမှုနည်း နေ တာ ကိုတွေ့ရတယ်လို့ ဆိုပါတယ်။

“ရန်ကုန်မြို့က အဆောက်အဦးအချို့မှာ ငလျင်ဒဏ်ခံနိုင်ရည်ရှိဖို့ စနစ်တွေမပါဘူး။ ဒါပေမယ့် ငလျင်နဲ့ ပတ်သက်တဲ့ အသိပညာရထားမယ်ဆိုရင်တာ့ ပြည်သူတွေအနေနဲ့ မိမိရဲ့နေအိမ်ကို ဆောက်တဲ့အခါမှာ ရန်ကုန်မြို့မှာ ဘယ်လို နေရာတွေမှာ မြေသားပျော့လဲ၊ ဘယ်လိုနေရာတွေက မြေသားမာလဲ ဒါတွေကို လေ့လာ ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။” လို့  ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောပါတယ်။

လက်ရှိမှာ ငလျင်နဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ စိတ်ပါဝင်စားမှုက အရေးကြီးဆုံးဖြစ်နေပြီး ငလျင်ဒဏ် ကာကွယ် အောင်  ပြည်သူတစ်ဦးချင်း ကြိုတင်ပြင်ဆင်မှုတွေရှိထားရမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ ကြီးမားတဲ့ငလျင်တစ်ခု လှုပ်ခတ်လာမယ်ဆိုရင် လူဦးရေသိပ်သည်းမှုများခြင်း၊ အထပ်မြင့်ပြီး အရည်အသွေးမမှီတဲ့ အဆောက်အဦးများပြားခြင်း၊ ကြိုတင်ပြင်ဆင်မှုမရှိခြင်းနဲ့ တုန့်ပြန်နိုင်မှု အားနည်းတာကြောင့် ပျက်စီးဆုံးရှုံးမှုများနိုင်တယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ငလျင်လှုပ်ခတ်မှုတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် ရည်ရွယ် ကဏ္ဍပေါင်းစုံမှ ဝင်ရောက်ဆွေးနွေးမယ့် ဒုတိယအကြိမ် ငလျင်ဖိုရမ်ကိုလည်း ဇူလိုင် ၁၃ ရက်၊ ၁၄ ရက်တို့မှာ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က