ကမ္ဘာ့သန့်ရှင်းရေးနေ့ အခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့မှာပြုလုပ်မှာဖြစ်ပါတယ်။

ကမ္ဘာ့သန့်ရှင်းရေးနေ့အခမ်းအနားကို မြန်မာတစ်နိုင်ငံလုံးလူဦးရေရဲ့ ငါးရာခိုုင်နှုန်းခန့်ပါဝင်လာအောင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့သန့်ရှင်းရေးနေ့ အခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ တစ်နိုင်လုံးအနှံ့ကျင်းပမှာဖြစ်ပြီး အမှိုက်ကောက်သွားမှာဖြစ်တယ်လို့ ဇူလိုင်လ ၁၂ ရက်နေ့မှာသတင်းစာရှင်းလင်းခဲ့ပါတယ်။

Photo - JCI

ဒီအခမ်းအနားက တစ်ကမ္ဘာလုံးမှာလည်းလုပ်တယ်။မြန်မာနိုင်ငံမှာလည်း အဲ့ဒီနေ့မှာစပြီးလုပ်မှာပေါ့။ အမှိုက်ကောက်ဖို့ သတ်မှတ်ထားတဲ့နေရာတွေကနေ တစ်နိုင်ငံလုံးအတိုင်းအတာပါဝင်လာအောင်လုပ်ဆောင်မယ်။ရန်ကုန်မှာလည်း နေရာသေချာမသတ်မှတ်ရသေးပေမယ့် ရက်နီးလာရင်တော့ ဘယ်နေရာမှာကောက်မှာလဲဆိုတာကို ပြောသွားမှာပါ။ ’ လို့ JCI Yangon က ကိုစိုင်းသန်းထွန်းအောင်က ပြောပါတယ်။

 

Photo - JCI

ဒါ့အပြင် စည်းကမ်းမဲ့အမှိုက်တည်နေရာတွေကို မှတ်သားနိုင်မယ့် world clean up အက်ပလီကေးရှင်းကိုပါ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီးတော့ အဲ့ဒီ app ကအမှိုက်တွေရှိတဲ့နေရာတွေကို မှတ်သားနိုင်ပြီး အမှိုက်အမျိုးအစားတွေကိုပါ ခွဲခြားနိုင်အောင်လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ တကမ္ဘာလုံးဆိုင်ရာ သန့်ရှင်းမှုတစ်ရပ်ဖြစ်တဲ့ ကမ္ဘာ့သန့်ရှင်ရေးနေ့မှာ နိုင်ငံပေါင်း ၁၅၀ နီးပါး ပါဝင်တာဖြစ်ပြီးတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းလုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က