AD
AD
AD

ဖားကန့်မှာ ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းလုပ်ကိုင်နေတဲ့ ပတ္တမြားနဂါးကုမ္ပဏီက သူတို့ ပိုင်တဲ့ ကျောက်စိမ်း အရိုင်းတုံးတွေကို လှူဒါန်းမှုပြုလုပ်နေတာကြောင့် ဒေသခံတွေနဲ့ ရေမဆေး ကျောက်ရှာဖွေသူတွေက ပျော်ရွင် နေကြပါတယ်။

play
Photo- Dham Ma Piya



ဖားကန့်မြို့နယ် ယူမာကျေးရွာမှာ ပတ္တမြားနဂါးကုမ္ပဏီက အဲ့ဒီကျောက်ရိုင်းတုံးတွေကို ပေးနေတာဖြစ်ပြီး ဒေသခံ ၅၀၀ လောက်က လာရောက်ယူခဲ့ကြတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုဇော်မိုးထက်ကပြောပါတယ်။

အခုလိုပေးတဲ့ ကျောက်တွေဟာ အရည်အသွေးနိမ့်ကျောက်စိမ်းတွေဖြစ်ပေမယ့် ၁၀ ဘီးကား အစီး ၁၅၀ လောက်တိုက် စာရှိတာကြောင့် များပြားပါတယ်။ ဒေသခံတွေအတွက်တော့ အဲ့ဒီက ရတဲ့ ကျောက်စိမ်းတွေဟာ ထိုက်သင့်သလောက်တန်ဖိုးရှိတာကြောင့် စားဝတ်နေရေးကို အတော်အတန်အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။

play


ပထမပိုင်းမှာ ကုမ္ပဏီရဲ့ခြံစည်းရိုးပျက်စီးနေတဲ့နေရာကနေ ရေမဆေးကျောက်သမားတွေက ၀င်ရောက်ယူငင်ရာကနေ လူအများယူနိုင်အောင်လို့ ခွင့်ပေးလိုက်ပြီး အလှူအတန်းလုပ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ကျောက်စိမ်းအရိုင်းတုံးယူတဲ့သူတွေအနေနဲ့ မနက် ၈ နာရီကနေ ညနေ ၅ နာရီအတွင်းမှာ လာရောက်ယူနိုင်တာဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်နေ့က နေစတင်ခွင့်ပြုထားတာဖြစ်တယ်လို့ လည်းသိရပါတယ်။ ဒီလို ကျောက်စိမ်းရိုင်းတုံးတွေ ပေးလှူတဲ့ ဖြစ်စဉ်ဟာ ဖားကန့်ဒေသမှာ အလွန်ကိုဖြစ်ခဲတဲ့ကိစ္စဖြစ်ပြီး ခုအကြိမ်ဟာ ပထမဆုံးအကြိမ်လို့လည်း ပြောလို့ရတယ်လို့ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD