မုဒိမ်းမှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း မတ္တရာမြို့မှာ အသက် ၇ နှစ်အရွယ်ကလေးကို ဇူလိုင်လ ၁၂ ရက်နေ့က ပထွေးဖြစ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။

မတ္တရာက အုတ်စက်ဝန်းအတွင်းမှာ အုပ်စက်လုပ်သားအဖြစ်လုပ်ကိုင်နေတဲ့ မသန်းသန်းဦးက ဇူလိုင် ၁၂ ရက်နေ့မနက်မှာ အုတ်လုုပ်ငန်းခွင်အတွင်းမှာ အလုပ်လုပ်နေတုန်းမှာ အသက် ၂၇ နှစ်အရွယ် သန်းနိုင်ဦးနဲ့ အသက် ၇ နှစ်အရွယ် သူမရဲ့ သမီးငယ်တို့ ရောက်လာပြီးတော့ ကလေးငယ်ရဲ့ မိန်းမကိုယ်ကနေ သွေးတွေ ထွက်နေတာကြောင့် မိခင် မသန်းသန်းဦးက ဆေးခန်းပြဖို့ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့လို ဆေးခန်းပြဖို့ ပြင်နေစဉ်မှာ ကလေးငယ်ကို မေးရာမှာ ပထွေးဖြစ်သူ  သန်းနိုင်ဦးက ကလေးငယ်ကို လက်သီးနဲ့ ထိုးတာ၊ အဓ္မမ ပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

‘အခုတော့ သူ့ကို စစ်ဆေးနေပါတယ်။ လက်ရှိကတော့ မန္တလေးက ထောင်ထဲမှာထည့်ထားတယ်။ ရဲလုပ်ငန်းလုပ်စဉ်တွေပြီးသွားရင်တော့ သူ့ကို ရုံးထုတ်စစ်ဆေးမှာပါ’ လို့မန္တလေးတိုင်းမတ္တရာမြို့နယ်ရဲစခန်းက တာဝန်ကျ ရဲတစ်ဦးက ဓူဝံကို  ပြောပါတယ်။

အဲ့ဒီမုဒိမ်းမှုဖြစ်စဉ်ကို မတ္တရာမြို့မရဲစခန်းကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ် ။

Share

Loading Next Article...
က္က