AD
AD
AD

ထိုင်းနိုင်ငံက ဂူထဲမှာပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းရဲ့ အကူနည်းပြဖြစ်တဲ့ မြန်မာနိုင်ငံက ရှမ်းလူမျိုး အေကဖိုး ချာသာဝုန်း ကို ထိုင်းအစိုးရက ထိုင်းနိုင်ငံသားမှတ်ပုံတင်ပေးဖို့ စီစဉ်နေတယ်ဆိုပြီး ထိုင်းပြည်ထဲရေးဝန်ကြီးဌာနကို ကိုးကားပြီးမီဒီယာတွေက ဖော်ပြကြပါတယ်။

play


 


အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ နည်းပြ အေခ်ကဖိုးနဲ့ ထိုင်းနိုင်ငံသား မဖြစ်သေးတဲ့ "၀" တိုင်းရင်းသား အိုက်လူး ခေါ် အိုက်ဒွန်းနဲ့ နောက်ထပ်တစ်ယောက်ရဲ့ ကိုယ်ရေးရာဇ၀င်တွေကို စစ်ဆေးမှုပြုလုပ်နေပြီး ထိုင်းဥပဒေနဲ့ အညီဘယ်လိုဆောင်ရွက်လို့ရမယ်ဆိုတာကို အာဏာပိုင်တွေက စဉ်းစားနေကြတယ်လို့ ထိုင်းသတင်းဌာနဖြစ်တဲ့ Sanook ကဖော်ပြပါတယ်။

မြန်မာပြည်ဖွား နည်းပြအကဖိုးဟာ ထိုင်းနိုင်ငံမှာ နိုင်ငံသားမဲ့အဖြစ် နေထိုင်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။

တောဝက်ဘောလုံးအသင်းရဲ့နည်းပြ အကဖိုးဟာ မြန်မာပြည် တာချီလိတ်မြို့မှာနေတဲ့ အဖွားဖြစ်သူကြွေမွေးစောင့်လျောက်နေသူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က ဘုန်းကြီးကျောင်းမှာ လူမှုရေးလုပ်ငန်းတွေလုပ်ကိုင်ကူညီပေးနေသူလည်းဖြစ်ပါတယ်။

play



ဒါ့အပြင် ၀ တိုင်းရင်းသား အိုက်လူးကလည်း မယ်ဆိုင်မြို့မှာ တောင်ပေါ်တိုင်းရင်းသားလက်မှတ်နဲ့ပဲ နေထိုင်ပြီး ထိုင်းနိုင်ငံသားဖြစ်ရေးကို ကြိုးစားနေတဲ့ကာလဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။


ဂူထဲမှာ ပိတ်မိနေတဲ့ အချိန် ကလေးတွေကို အသက်ရှင်အောင် ထားနိုင်တာ၊ ပါလားတဲ့ အစားအစာတွေကို ကလေးတွေကို စားခိုင်းပြီး သူနည်းနည်းပဲ စားတာ စတာတွေအပြင် ကလေးတွေ စိတ်တည်ငြိမ်အောင် တရားမှတ်ခိုင်းတာတွေ ရှိခဲ့တယ်လို့ ထိုင်းတော်ဝင်ရေတပ်က ယုံကြည်နေပြီး ချီးကျူးမှုတွေလည်းရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD