ပုဒ်မ ၃၇၆ နဲ့သုဝဏ္ဏနယ်မြေရဲစခန်းက အမှုဖွင့်ထားပါတယ်။

သီဟတင်စိုးရဲ့နေအိမ်မှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က စတင်ပြီး အိမ်အကူအဖြစ် ဝင်ရောက် လုပ်ကိုင်နေတဲ့ အသက် ၄၀ အရွယ် မခင်မာမြင့်လို့ခေါ်တဲ့ အမျိုးသမီးကို အဓမ္မကျင့်တယ်လို့ တိုင်တန်းမှုရှိခဲ့တာကြောင့်အရေးယူဆောင်ရွက်မှုတွေပြုလုပ်ထားတယ်လို့ သုဝဏ္ဏနယ်မြေရဲစခန်းကသိရပါတယ်။





ဖြစ်စဉ်ကတော့ ဇူလိုင်လ ၁၃ ရက်နေ့ မှာ မခင်မာမြင့်ဟာ သီဟတင်စိုးရဲ့ဇနီးဖြစ်သူ နဲ့ သားဖြစ်သူအပြင်ကို ထွက်ခွာသွားတဲ့ အချိန် နေအိမ်အတွင်း ည ၈ နာရီလောက်မှာ သူရဲ့ အလုပ်တွေပြီးလို့ သူနေရာက ကုတင်ပေါ်မှာ ထိုင်နေတဲ့ အချိန် သီဟတင်စိုးရောက်ရှိလာပြီး အနောက်ကို တွန်းလှဲပြီး ၁၅ မိနစ်ကြာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းကဆိုပါတယ်။



အဓမ္မပြုကျင့်နေစဉ် မခင်မာမြင့်က ပတ်ဝန်းကျင်ကို အကူအညီတောင်းပေမယ့် မိုးများရွာနေတာကြောင့် ဘယ်သူမှမကြားနိုင်ခဲ့ကြောင်း၊ အဲ့ဒီနောက် သီဟတင်စိုးက အခြားသူတွေကိုပြန်ပြောရင် သတ်မယ်လို့ခြိမ်းခြောက်မှုပြုလုပ်ခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။



အဲ့ဒီနောက် သီဟတင်စိုးရဲ့ဇနီးနဲ့သားပြန်ရောက်လာပေမယ့်လည်းခြိမ်းခြောက်ထားတာကြောင့် မပြောပြရဲဘဲ အိပ်ရာဝင်ခဲ့ရပြီးနောက်တနေ့ ဇူလိုင် ၁၄ ရက်နေ့မှာ ကျောက်မြောင်းမှာ တည်းခိုနေထိုင်တဲ့ အဒေါ် ၂ ဝမ်းကွဲဖြစ်သူ ဒေါ်ညိုကိုအကျိုးအကြောင်းပြောပြပြီး လာရောက်အမှုဖွင့်တိုင်တန်းထားတာလို့ ဆိုပါတယ်။



"ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးဟုတ်ပါတယ်။ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်နေပါတယ်။ လောလောဆယ်တော့ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ဆောင်ရွက်ထားပါတယ်။"လို့ သုဝဏ္ဏနယ်မြေရဲစခန်းက ဒုရဲအုပ်ကျော်မင်းသူ ကပြောပါတယ်။

 

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က