နေရမယ့် တိုက်ခန်းတွေကိုတော့ မဲနှိုက်ရွေးချယ်မှာပါ။

ရန်ကုန်တိုင်း အစိုးရအဖွဲ့က စီစဉ်ရောင်းချတဲ့ တန်ဖိုးနည်း တန်ဖိုးသင့်တိုက်ခန်း တွေကို လာမယ့် သြဂုတ်လအတွင်းနေထိုင်ခွင့်ရဖို့ စီစဉ်ထားတယ်လို့ ပြည်သူ့အိမ်ယာရောင်းချရေး ကော်မတီဝင် ဦးညီညီ က ပြောပါတယ်။



37110429_1990928474297773_4206003310525677568_n.jpg



တိုက်ခန်းဝယ်ယူခွင့်ရရှိသူ အမည်စာရင်းကို ဇူလိုင် (၁၀) ရက်က စတင်ပြီးတော့ ထုတ်ပြန်ကြေညာ ထားတာပါ။ အဲ့ဒီ့အမည်စာရင်းကို ရန်ကုန်တိုင်းဒေသကြီး မြို့ပြနဲ့ အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာန ရန်ကုန်တိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးတွေမှာ ထုတ်ပြန်ကြေငြာထားပြီး ဝင်ခွင့်ရရှိသူ (၈၀၀)ကျော် အမည်စာရင်းတွေကို ထုတ်ပြန်ကြေငြာထားတာပါ။



တိုက်ခန်းဝယ်ယူခွင့်ရသူများအနေနဲ့ ဇူလိုင် ၂၀ ရက်နောက်ဆုံးထား ပြီး မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေး ဦးစီးဌာန ရုံးကို ဆက်သွယ်ရမှာဖြစ်ပြီး ဇူလိုင် (၂၅-၂၆)ရက်မှာ နေထိုင်ခွင့်ရမယ့် တိုက်ခန်းနေရာကိုမဲနှိုက်မယ်လို့ ပြည်သူ့အိမ်ယာရောင်းချရေး ကော်မတီဝင် ဦးညီညီ က ပြောပါတယ်။



" မဲနှိုက်ပြီးတော့ ဒီသြဂုတ်လ အတွင်းလောက်တော့ သူတို့နေနိုင်ဖို့အတွက် စီစဉ်သွားမှာပါ။ တိုက်ခန်း (၁၀၀၀) မှာ မဲနှိုက်လိုက်တာက (၈၀၀)ကျော်ပါ။ ကျန်တာတွေက ဌာနဆိုင်ရာက ဝန်ထမ်းအိမ်ယာ တွေအတွက် ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပေးလိုက်ပါတယ်။" လို့ ဓူဝံ မီဒီယာ ကိုပြောပါတယ်။



မိသားစု လစဉ်ဝင်ငွေ (၅)သိန်းအောက် အများပြည်သူ (၂၄၇)ဦး ၊ ကုမ္ပဏီ ဝန်ထမ်း (၁၇၅)ဦး ၊ နိုင်ငံဝန်ထမ်း (၁၇၅)ဦး နဲ့ အငြိမ်းစားဝန်ထမ်း (၁၀၆)ဦး ၊ မိသားစုဝင်ငွေ (၅)သိန်းအထက် ရရှိတဲ့ အများပြည်သူ (၇၄)ဦး ၊ ကုမ္ပဏီဝန်ထမ်း (၄၆)ဦး ၊ နိုင်ငံဝန်ထမ်း (၅၁)ဦး ၊ အငြိမ်းစားဝန်ထမ်း (၂၃)ဦး တို့ဖြစ်ပြီး ၊ မိသားစု လစဉ်ဝင်ငွေ (၅)သိန်အောက်ရရှိသူတွေက တန်ဖိုးနည်းတိုက်ခန်းဝယ်ယူခွင့်ရမှာ ဖြစ်ပြီး ၊မိသားစုလစဉ်ဝင်ငွေ (၅)သိန်းအထက်ရရှိသူတွေက တန်ဖိုးသင့်တိုက်ခန်း ဝယ်ယူခွင့်ရမှာဖြစ်ပါတယ်။



ဝယ်ယူမယ့်သူမှာ မိသားစုပျမ်းမျှလစဉ်ဝင်ငွေ ကျပ်သုံးသိန်း ကနေ ၁၂ သိန်းအထိ ရှိရပြီး ကနဦးအနေနဲ့ တိုက်ခန်းတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကို အရင်ဆုံး ပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။ တိုက်ခန်းတန်ဖိုးကို တစ်ကြိမ်တည်း အကျေပေးသွင်း မှု၊ မြို့ပြနှင့် အိုးအိမ် ဖွံဖြိုးရေးဘဏ်မှာ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း နဲ့ ၁၅ နှစ်ပေးချေသည့် စနစ်နဲ့ ဝယ်ယူနိုင်တယ်လို့ ပြည် သူ့အိမ်ရာရောင်းချရေးကော်မတီ ကနေ သိရပါတယ်။



ရန်ကုန်တိုင်းအတွင်း ရောင်းချမယ့် အိမ်ရာတွေမှာ ဂုံမြို့ သစ်တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း(၁)၊ (၂)၊ ကနောင်အိမ်ရာ၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ Shop House နဲ့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာတို့ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က