ဇူလိုင်လ ၁၆ ရက်နေ့မှာ ဝင်ခဲ့ပါတယ်။

စက္ကူနဲ့လုပ်ထားတဲ့မြန်မာနိုင်ငံက ဆင်ရုပ်က ဇူလိုင်လ ၁၆ ရက်နေ့မှာ ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။ အဲ့ဒီစက္ကူ ဆင်ရုပ်က အလျား ၅.၇၈ မီတာ၊ အမြင့် ၅. ၅၉ မီတာ နဲ့ အနံ ၂. ၁၅ မီတာရှိပါတယ်။ မြန်မာနိုင်ငံက အနုပညာဖန်တီးသူ အာကာကျော်နဲ့ စက္ကူရုပ်ပညာရှင် ဦးမြင့်ဆွေတို့က ဖန်တီးခဲ့တာဖြစ်ပြီးတော့ စက္ကူနဲ့လုပ်တဲ့ ကမ္ဘာ့အကြီးဆုံးဆင်ဖြစ်လာခဲ့ပါတယ်။



37256963_1697129057008483_3634083017258958848_n.jpg

photo- voices for momos campaingn

သူ့ရဲ့ ကိုယ်ထည်ကို ဝါးတွေနဲ့ အခြေခံပြီးဖန်တီးထားပြီးတော့ အပေါ်ကကိုယ်ထည်ကို သတင်းစာဟောင်းတွေကို အသုံးပြုထားတာပါ။

"ဂင်းနစ်စံချိန်ဝင်ဖို့အတွက်ကိုတော့ ဖန်တီးပြီးသုံးလလောက်အကြာမှာ သူ့ရဲ့အတိုင်းအတာတွေကိုပုံတွေကောကို ပို့ထားတဲ့ဟာကို လက်ခံမခံအကြောင်းပြန်ပါတယ်။ အကြောင်းပြန်ပြီးတော့မှ professional surveyor တွေက လာကြည့်ပြီးတော့ မှ လက်ခံ၊ မခံကို နောက်၃ လကြာပြီးမှ ပြန်အကြောင်းပြန်တာပါ။ စုစုပေါင်း အချိန်ခြောက်လကြာပြီးတော့မှ ဂင်းနစ်စံချိန်ဝင်မဝင်ကို အကြောင်းပြန်တာပါ။ သူတို့ဘက်ကနေပြီး official certificate ပို့ပေးပါလိမ့်မယ်။" လို့  အဲ့ဒီအရုပ်ကို ဖန်တီးရာမှာပါဝင်ခဲ့တဲ့ WWF Myanmar က Senior Communications officer ကိုရဲမင်းသွင်က ဓူဝံကို ပြောပါတယ်။

အရောင်ကဆင်တွေရဲ့ အရေခွံနဲ့ ထပ်တူကျတဲ့ မီးခိုးရောင်ကို သုတ်ထားပါတယ်။ အဲ့ဒီအရုပ်ကို နိုဝင်ဘာ ၂၀၁၇ လောက်ကတည်းက တခြားသောစက္ကူဆင်တွေနဲ့အတူ ရန်ကုန်မြို့အနှံ့ လှည့်လည်ပြသဖူးပါတယ်။

အဲ့ဒီဆင်ရုပ်ကို voices for momo ကမ်ပိန်းအတွက်ပြုလုပ်တာဖြစ်ပြီးတော့ မြန်မာနိုင်ငံက ဆင်တွေ သတ်ဖြတ်ခြင်းခံနေရတာကို ကာကွယ်တဲ့အနေနဲ့ပြုလုပ်တာပါ။

ဆင်ရုပ် ၇ ရုပ်ကိုပြုလုပ်ခဲ့တာဖြစ်ပြီးတော့ အဲ့ဒီအထဲကမှ အကြီးဆုံးဆင်ရုပ်က ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က