ဇူလိုင် ၁၆ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသမီးတစ်ဦးအပေါ်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သူကျားမတန်းတူညီမျှရေးကွန်ယက်က တာဝန်ရှိသူတစ်ဦးကို အရေးယူဆောင်ရွက်ဖို့ ပ့ံ့ပိုးဆောင်ရွက်သွားမယ်လို့ ကျား၊မရေးရာတန်းတူညီမျှရေးကွန်ယက်က ဇူလိုင် ၁၆ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။

 

37204454_2047552571931077_6474337592954322944_n.jpg 

ကျား၊ မရေးရာတန်းတူညီမျှရေးကွန်ယက်က အဖွဲ့ဝင်ဖြစ်တဲ့အဖွ့ဲတစ်ဖွဲ့က အဓိက တာဝန်ရှိအကြီးအကဲတစ်ဦးက ဝန်ထမ်းနဲ့ အဖွဲ့အစည်းနဲ့ ဆက်နွယ်နေတဲ့ အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေနဲ့ ထိပါးနှောင့်ယှက်မှုတွေကျူးလွန်ကြောင်း၊ စီမံခန့်ခွဲမှုအတွက် တာဝန်ရှိသူတွေက ကျူးလွန်မှုကို မသိကျိုးကျွံပြုပြီးတော့ တာဝန်ယူဖြေရှင်းပေးဖို့ ပျက်ကွက်နေတယ်လို့ အသိပေးစာရရှိထားတယ်လို့ ဆိုပါတယ်။

ကွန်ရက်အနေနဲ့ အမှန်တရားပေါ်ပေါက်ရေးအတွက် အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် ကြုံတွေ့သူတွေရဲ့ သဘောဆန္ဒကို လေးစားပြီးတော့ ဘက်မလိုက်ဘဲဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။

အဲ့လိုဆောင်ရွက်ဖို့ကိုလည်း အသင့်ဖြစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ထိခိုက်လွယ်တဲ့ လူနည်းစုရဲ့ အခွင့်အရေးကို တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်ပြီးဖြစ်စေ၊ မလေးစားတာ၊ချိုးဖောက်တာတွေအတွက် ကွန်ယက်အတွင်းက ဘယ်သူ့ကို မဆိုပြုမူလုပ်ဆောင်တာ၊အားပေးတာကို လက်မခံဘဲ ရှုတ်ချတယ်ဆိုပြီး ဇူလိုင် ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ လူမှုကွန်ယက်ပေါ်မှာ အမျိုးသမီးတစ်ဦးက သူမရဲ့ လုပ်ငန်းခွင်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ ထိပါးအမြတ်ထုတ်ခံခဲ့ရတာတွေနဲ့ ပါတ်သတ်ပြီးတော့ ထုတ်ဖော်ရေးသားခဲ့ပြီးတဲ့နောက်မှာ အခုလို ထုတ်ပြန်ချက်ထုတ်ပြန်တာလည်းဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က