၀င်ငွေ ပမာဏနည်းလို့ ဆိုပြီးပြောပါတယ်။

ဝိုင်ဘီအက်စ် ၂၁ ယာဉ်လိုင်းက ယာဉ်ပိုင်ရှင်အချို့ ကားပြန်ရောင်းဖို့အတွက် တင်ပြထားတယ်လို့ Power Eleven ကုမ္ပဏီက အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောပါတယ်

Photo - Myanmar Cities

 

YBS ၂၁ ယာဉ်လိုင်းမှာ Power Eleven ကုမ္ပဏီပိုင်ကားတွေ၊ ယာဉ်ပိုင်ရှင်တစ်ဦးချင်းပိုင်ကားတွေနဲ့ ပြေးဆွဲနေပြီးတော့ ဝင်ငွေအချိုးကျခွဲဝေရယူစနစ်ကိုကျင့်သုံးတဲ့အခါမှာရရှိတဲ့ ဝင်ငွေပမာဏနည်းပါးတယ်ဆိုပြီးတော့ ယာဉ်ပိုင်ရှင်တွေက မကျေနပ်ကြဘူးလို့ ဆိုပါတယ်။

 

၂၁ ယာဉ်လိုင်းအတွက်က ကုမ္မဏီ ၂ ခုရှိပါတယ်။ ကားပေါင်းကတော့ ၈၃ စီးရှိတယ်။ ကျွန်တော်တို့ကတော့ဝေပုံကျ စနစ်သုံးတာပေါ့။ ဟိုဘက် ကုမ္မဏီကကျတော့ သုံးမျိုးလောက် ပြန်ခွဲပေးတာမျိုးပေါ့။ သူတို့က ဟိုဘက်ကုမ္ပဏီအောက်ကို ပြောင်းချင်တယ် ဆိုပြီးပြောတာက ၃၅ စီးရှိတယ်။ ရောင်းမယ်ဆိုပြီးပြောတာက ၁၀ စီးလောက်ရှိတယ်။ ကားတွေပြန်ရောင်းမယ် ဆိုတာနဲ့ပါတ်သတ်ပြီးတော့ တစ်ခုခု နစ်နာတာမျိုးတော့မရှိပါဘူး။ အခုကကားတွေက အလုံအလောက်ရှိပြီးသားပါ။"လို့ ကိုတရုတ်လေးက ပြောပါတယ်။

 

ယာဉ်ပိုင်ရှင်တွေအနေနဲ့  ၂၁ ယာဉ်လိုင်းကိုဝင်ရောက်ပြေးဆွဲနေရာမှာ ကုမ္ပဏီ ၂ ခုရှိတဲ့အနက် က Power eleven ကုမ္ပဏီလက်အောက်မှာပြေးဆွဲနေတဲ့ကားတွေအနက် တခြားကုမ္ပဏီလက်အောက်ကို ပြေးဆွဲဖို့ ပြောင်းလဲချင် တဲ့ကားတွေလည်းရှိတယ်လို့ ဆိုပါတယ်။

 

အဲ့ဒီအခက်အခဲတွေကိုလည်း ယာဉ်ပိုင်ရှင်တွေက တိုင်းဒေသကြီးလွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ဆောက်လုပ်ရေးနဲ့ စက်မှုလက်မှုရေးရာကေ်ာမတီကို တိုင်ကြားထားတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က