ရန်ကုန်မြို့လမ်းမတွေပေါ်မှာ မိုုးရွာသွန်းမှုများပြားခဲ့တာကြောင့် လမ်းမကြီးအချို့မှာ ချိုင့်ခွက်အရာတွေဖြစ်ပေါ်ခဲ့ပြီး ရေတွေ ဝပ်နေတာတွေကို နေ့ချင်းပြီးပြုပြင်မှုတွေလုပ်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊တံတား) ကတာဝန်ရှိသူတစ်ဦးက ဓူဝံကို ပြောပါတယ်။
Photo - အရည်ကြို
"အဲ့ဒီချိုင့်တွေကို ကျွန်တော်တို့ဌာနက ချက်ချင်းပြုပြင်မှုတွေလုပ်ပါတယ်။ မိုးအရမ်းရွာနေမှသာလုံးဝပြုပြင်ရေးတွေလုပ်လို့ မရတာကြောင့် ခဏနားထားတာပါ။ အခုနောက်ပိုင်းကတော့ ကွန်ကရစ်တွေနဲ့ ပြုပြင်ပါတယ်။ ကတ္တရာကလည်း တချို့နေရာတွေမှာလည်းပြင်နေပါတယ်။ လမ်းမတွေပေါ်က ချိုင့်ခွက်တိုင်းကိုတော့ ဌာနက အမြဲပြင်နေတာပါပဲ။ မိုးရွာရင်သာ ခဏနားထားတာပါ။"လု့ိသူကပြောပါတယ်။
ရန်ကုန်မြို့လယ်က လမ်းမတွေမှာ မိုးရွာသွန်းမှုများပြားခဲ့တာကြောင့် ချိုင့်ခွက်အရာတွေဖြစ်ပေါ်ခဲ့ပြီးတော့ လမ်းအသွားအလာခက်ခဲမှုတွေဖြစ်ပေါ်နေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
"လမ်းငါးဆယ်ဘက်မှာလည်း မိုးရွာပြီးတဲ့နောက်မှာ ချိုင့်ခွက်တွေပေါ်လာတယ်။ နောက်ပြီး အဲ့လမ်းက ကွန်တိန်နာတွေအသွားအလာများတော့ သူတို့ တစ်ခါတစ်ခါဖြတ်တိုင်း ဘေးနားက ကားတွေက လန့်နေရတယ်။ မိုးတွင်းဆို ချိုင့်ခွက်တွေက အရမ်းသိသာတယ်။မြန်မြန်ပြင်ပေးစေချင်ပါတယ်။"လို့ ဒေါပုံမြို့နယ်မှာနေထိုင်တဲ့ မနန္ဒာဝင်းက ပြောပါတယ်။
မြန်မာပလာဇာ၊ ဟံသာဝတီအဝိုင်းအပါအဝင် လမ်းမအချို့မှာ အဲ့လို လမ်းအချိုင့်တွေဖြစ်ပေါ်နေပြီး သွားလာဖို့ အဆင်မပြေဖြစ်နေတယ်ဆိုပြီးတော့ လူမှုကွန်ယက်တွေပေါ်မှာ ရေးသားခဲ့ကြပါတယ်။