ပဲခူးမှာလည်း အိမ်ဖော်လုပ်ရင်း လူတစ်ယောက်ကို အဓမ္မမှုနဲ့ သိန်းတစ်ရာ လျော်ကြေးတောင်းဖူးပါတယ်။

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးကို အဓမ္မမှုဖွင့်တိုင်ကြားထားတဲ့ အမျိုးသမီးဟာ ၂၀၁၈ ခုနှစ် မတ်လ အတွင်းကလည်း ပဲခူးမြို့၊ ပန်းလှိုင်ရပ်ကွက်နေ အမျိုးသားတစ်ဦးကို အဓမ္မမှုကျူးလွန်တယ်ဆိုပြီး အမှုဖွင့်တိုင်ကြားမှုတစ်ခုရှိခဲ့တယ်လို့ ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းကသိရပါတယ်။

 

37330262_1854357284610826_1660304876254527488_n.jpg

Photo - မျိုးမြတ်(မြစ်မခ)

 

 

အမှတ်(၃)နယ်မြေရဲစခန်းမှာ၂၀၁၈ မတ် ၃ ရက်က မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သူဌေးကုန်း ကျေးရွာနေ မခင်မာညိုဟာ ပဲခူးမြို့၊ ပန်းလှိုင်ရပ်ကွက်က သူအိမ်အကူအဖြစ် လုပ်ကိုင်နေတဲ့ အိမ်က အသက်(၂၁)နှစ်အရွယ် အောင်နိုင်ထွန်းက မတ် ၁ ရက်က အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း  အမှုဖွင့် တိုင်ကြားခဲ့တာကြောင့် ရဲစခန်းက (ပ)၁၆၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အရေးယူပေးထားတာရှိနေပါတယ်။

“ရုပ်ရှင်မင်းသားသီဟတင်စိုးကိုစွပ်စွဲထားတဲ့ အမျိုးသမီးဟာ ကျွန်မရဲ့အလုပ်သမား လူယုံကောင်လေးကိုစွပ်စွဲ ပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ သူပါပဲ။ ကျွန်မတို့အိမ်မှာတော့ မခင်မာညိုအမည်နဲ့ အလုပ်ဝင်လုပ်တာ။ အိမ်မှာအ လုပ်လုပ်ဖို့အတွက် ကျွန်မကိုယ်တိုင် ရန်ကုန်ကခေါ်လာတာပါ။ ခြံထဲမှာ ကျွန်မနဲ့အတူတူ အလုပ်လုပ်ဖို့ပါ။ အိမ် မှာက လူနည်းတယ်။ ကျွန်မတို့ခရီးသွားတုန်း အိမ်ကပျောက်သွားတယ်။ ကျွန်မတို့ကလိုက်ရှာတယ်၊ မတွေ့ဘူး။ နောက်တော့ ရန်ကုန်ကပွဲစားက ဖုုန်းဆက်တယ်။ ကျွန်မအိမ်မှာခေါ်ထားတဲ့ လူယုံအလုပ်သမားနဲ့ဖြစ်တယ်လို့ သိရတယ်။ ညှိတယ်။ သူတို့က ငွေသိန်း(၁၀၀)တောင်းတယ်။ ကျွန်မတို့က မပေးနိုင်ပါဘူး။ (၃)ရက်မြောက်နေ့ သူတို့ဆင်းလာတယ်။ ညှိလို့မရတော့ ရဲစခန်းမှာအမှုသွားဖွင့်ပါတယ်။ ရဲစခန်းရောက်တော့ ကျွန်မလူယုံက ဝန်ခံ လိုက်တယ်။ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာတော့ သူတို့ပဲသိကြမှာပါ။ ရဲစခန်းရောက်တော့ ကလေးက ကြောက် လို့ပဲဖြေတာလားတော့ မသိပေမယ့် သူစွပ်စွဲတဲ့နေရာမှာ ကျွန်မတို့က CCTV ရှိတယ်။ ဒီအထောက်ထားတွေကို ရဲစခန်းကို ပေးထားပြီးပါပြီ။”လို့ ပဲခူးမြို့မှာနေထိုင်တဲ့ ဒေါ်ဝင်းမာမြင့်က ပြောပါတယ်။

လတ်တလောမှာတော့ အဲ့ဒီစွပ်စွဲခံရတဲ့ အမှုမှာ အောင်နိုင်ထွန်ကို  ဖမ်းဆီးထားပြီး အမှုကိုလည်း ဆက်ပြီးစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးရဲ့ နေအိမ်မှာ အိမ်အကူဝင်ရောက်လုပ်ကိုင်နေတဲ့ အသက်(၄၀)နှစ်အရွယ် ဒေါ်ခင်မာမြင့်က ဇူလိုင် ၁၃ ရက်၊ ည(၈)နာရီလောက်မှာ  သီဟတင်စိုးကသူ့ကို သားမယားအဖြစ် ပြုကျင့်ခဲ့ တယ်ဆိုပြီးတော့ ဇူလိုင် ၁၄ ရက်၊ ညပိုင်းက သုဝဏ္ဏနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။

Share

Loading Next Article...
က္က