နေအိမ်အဖြစ် နေထိုင်သွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်က နာမည်ရှိ Orchid ဟိုတယ်ကို လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပိတ်သိမ်းသွားတော့မှာဖြစ်ပြီး အဲဒီဟိုတယ်က လုပ်ငန်း အကျဘက်ကို ရောက်လာတော့မှာကြောင့်လို့ ဇူလိုင် ၁၇ ရက်နေ့မှာ ဟိုတယ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးဌေးအောင်က ပြောပါတယ်။

 



 

အဲ့ဒီ ဟိုတယ်ကို ၁၉၉၃ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေ အကျဘက်ကို ရောက်မှာကို သုံးသပ်မိတာကြောင့် ဒီလိုပိတ်သိမ်းရတာဖြစ်တယ်လို့ ရှင်းလင်းခဲ့ပါတယ်။

 ‘ ကျွန်တော်က ဒီဟိုတယ်မှာပဲ နေမှာပါ။ဟိုတယ်လုပ်ငန်းက ရေရှည်မှာ ရပ်တည်ဖို့ အဆင်မပြေတာကြောင့် ကျွန်တော်က ဒီဟိုတယ်ကို ပိတ်သိမ်းသွားမှာပါ။ဒါပေမယ့် ဒီဟိုတယ်မှာတော့ ကျွန်တော်တို့ မိသားစုနေဦးမှာပါ’ လို့ ဟိုတယ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးဌေးအောင်က ပြောပါတယ်။

Orchid ဟိုတယ်ကိုစကာၤပူအများပိုင်ကုမ္ပဏီတစ်ခုနဲ့ ၁၉၉၃ ခုနှစ်မှာပူးပေါင်းလုပ်ကိုင်ခဲ့တာဖြစ်ပြီးတော့ ၁၉၉၇ ခုနှစ်မှာ ဟိုတယ်ကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။

 

အဲ့ဒီလိုပိတ်သိမ်းတဲ့အပြင် အစိုးရထံက ငှားရမ်းလုပ်ကိုင်နေတဲ့ နန်းမြိုင်ဟိုတယ်နဲ့ လက်ခုပ်ကုန်းဟိုတယ်တို့ကို လည်း အစိုးရဆီကို ပြန်လည်ပေးအပ်သွားမယ်လို့ပြောပါတယ်။ နန်းမြိုင်ဟိုတယ်ကိုတော့ ငှား၇မ်းခငွေပေးချေဖို့ ပျက်ကွက်နေတာကြောင့် ကျပ်သိန်း ၁၃၀၀၀ ရယူလိုမှုနဲ့ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တရားရုံးမှာ တရားစွဲဆိုခံနေရတယ်လို့ သိရပါတယ်။

အဆိပါ ဟိုတယ်လုပ်ငန်းသုံးခုကို လုပ်ကိုင်နေတဲ့ ဦးဌေးအောင်က ဟိုတယ်လုပ်ငန်းတိုးချဲ့လုပ်ကိုင်ဖို့အတွက် ဝန်ကြီးဌာန်ကို တင်ပြပြီးဘဏ်ချေးငွေလျှောက်ထားဖို့တွက် ဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်ကို ကျပ် သိန်းတစ်ရာပေးခဲ့ရတာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ပိတ်သိမ်းတော့မယ့် orchid ဟိုတယ်က သရီးစတားအဆင့်ရှိပြီးတော့ ရန်ကုန်မြို့မှာစာနယ်ဇင်းရှင်းလင်းပွဲအများစုကျင်းပရာနေရာလည်းဖြစ်ပါတယ်။

 

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က