ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကနေ နှစ်နိုင်ငံ ခြံစည်းရိုး ကျော်တတ်ဝင်ရောက်လာသူ နှစ်ဦးကို ဇူလိုင် ၁၆ ရက်မှာ ရဲတပ်ဖွဲ့ ပစ်ခတ်ဖမ်းဆီးမိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

 

Photo - MOI



မောင်တောမြို့နယ်ပေါင်းဇားကျေးရွာမှာနေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် ဒီလူး (ခ) ဒိလ်မာမတ် နဲ့ အသက် ၃၅ နှစ်အရွယ် မာမွတ်ဖာဒူ (ခ) မာမွတ် ဖာရုလ်တို့က  နတ်မြစ်ကို ကျော်ပြီး နယ်စပ်ခြံစည်းရိုးကို ကျော်တတ်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို ဝင်ရောက်စဉ် မောင်တောမြို့နယ် ပေါင်းဇားချောင်းဝစခန်းအနီးမြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ခြံစည်းရိုးအမှတ် ၅၂၀ အနီးမှာ ဖမ်းဆီးရမိခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ဝင်ရောက်လာသူ နှစ်ဦးကို လုံခြုံရေးရဲတပ်ဖွဲ့က သတိပေးဟန့်တားခဲ့ပေမယ့် မရပ်ဘဲ ဆက်လက် ကျော်တတ်နေတာကြောင့် MA-11 မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့ သတိပေးပစ်ခဲ့ခတ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် ဒီလူး (ခ) ဒိလ်မာမတ် ဝမ်းဗိုက်ယာဘက်ခြမ်း ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး မောင်တောပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကာ မာမွတ်ဖာဒူ(ခ) မာမွတ်ဖာရုလ်ကို ပြင်မြူနယ်မြေရဲစခန်းမှာ  စစ်ဆေးနေတယ်လို့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က