လုပ်ကြံတိုင်တန်းခဲ့တာလို့ ရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအပေါ် အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်က မုဒိမ်းမှုဖြင့် အရေးယူ ပေးရန် တိုင်တန်းတဲ့ အမှုဟာ မှန်ကန်မှုမရှိပဲ လုပ်ကြံတိုင်တန်းခဲ့တာသာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က စုံစမ်း ဖော်ထုတ်လိုက်ပါတယ်။



37332756_1572895682839693_7630060906591813632_n.jpg

Photo - Yangon Police





သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်မှာ ဒေါ်ဇင်မာဦး၏ အသက်(၇၅)နှစ်အရွယ်ရှိ မိခင်ဖြစ်သူအား ပြုစုရန် အိမ်အကူဖြစ်သူ ခင်မာမြင့်(၄၀)နှစ်အား အခင်းမဖြစ်မီ (၈)ရက်ခန့်က ခေါ်ယူထားရှိခဲ့ပြီး ဇူလိုင်လ ၁၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဒေါ်ဇင်မာဦးမှ အပြင်သို့သွားရောက်နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး ခင်မာမြင့်အား သားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရသုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါတယ်။



အမှုမှန်ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကိုယ်တိုင် အနီးကပ်ကြီးကြပ်၍ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း စုံစမ်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။



အထူးအမှုစစ်အဖွဲ့က တရားလို ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့် ကို သက်သေတွေနဲ့ အတူစစ်ဆေး ဆောင်ရွက်ခဲ့ရာမှာ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်ဟာ လွန်ခဲ့တဲ့  (၄)နှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်ပြီးနောက်

မိသားစုစားဝတ်နေရေး အဆင်မပြေတာကြောင့် အိမ်အကူလုပ်ဖို့ ဒေါ်ညိုနဲ့ ဆက်သွယ်ခဲ့ပြီး ဒေါ်ညိုကနေ အိမ်အကူလုပ်ပြီး အိမ်ရှင်ယောက်ျားတွေကို မိန်းမမူယာမာယာဖြင့် မြူဆွယ်၍ မုဒိမ်းမှုဖြစ်အောင် ပြုလုပ်ရန်ဖို့နဲ့အမှုဖြစ်လာရင် ငွေကြေးညှိနှိုင်းတဲ့ ကိစ္စကိုသူက တာဝန် ယူဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောဆိုပြီး လုပ်ကြံဖန်တီး ရရှိသောငွေကြေးကို ခွဲဝေသုံးစွဲမည်ဟု သင်ကြားပေးခဲ့တာကို ရဲတပ်ဖွဲ့က စုံစမ်းရရှိခဲ့ပါတယ်။



ဆက်လက်စစ်ဆေးခဲ့ရာမှာ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်ဟာလွန်ခဲ့သော (၄)နှစ်ခန့်က ဒေါ်ညိုရဲ့ ဆက်သွယ်ပေးမှုနဲ့ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်ရှိ နေအိမ်တွင်တစ်ခုမှာ အိမ် အကူအဖြစ်

စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး အိမ်ရှင်အမျိုးသားကို မြူဆွယ်လို့ အဆင်မပြေတာကြောင့် တစ်နှစ်လောက်နေပြီးအလုပ်ထွက်ခဲံတယ်လို့ဆိုပါတယ်။

ဒုတိယအကြိမ် အိမ်အကူလုပ်ငန်းကိုလည်း ဒေါ်ညိုကပဲ ဆက်သွယ်ပေးပြီး ပုဇွန်တောင်မြို့နယ် ဈေးအနီးက နေအိမ်တွင် လုပ်ကိုင်ခဲ့ပြီး အဲ့ဒီအိမ်မှာ မြူဆွယ်လုပ်ကြံဖန်တီးဖို့ယောက်ကျားမရှိတာကြောင့် အလုပ်ထွက်ခဲ့တယ်လို့ဆိုပါတယ်။

 

တတိယအကြိမ် အိမ်အကူလုပ်ငန်းကို ဒေါ်ညို၏ အဆက်အသွယ်ဖြင့် ဗဟန်းမြို့နယ်နေ ရုပ်ရှင်

သရုပ်ဆောင် နေဆန်း၏ နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ကြောင်း၊ ကိုနေဆန်းတို့ လင်မယားမှာ ခရီးထွက်နေကြသဖြင့် နေအိမ်တွင်ကလေးများနှင့် ကိုနေဆန်း၏ မိခင်သာကျန်ရှိခြင်းကြောင့် မြူဆွယ်ရန်

အဆင်မပြေ၍ အလုပ်မှထွက်ခဲ့ကြောင်း၊ စတုတ္တ အကြိမ် အိမ်အကူလုပ်ငန်းကိုလည်း ဒေါ်ညို၏ အဆက်အသွယ်ဖြင့် ဒဂုံအရှေ့မြို့နယ်၊ (၉)ရပ်ကွက်ရှိ နေအိမ်တွင်လုပ်ကိုင်ခဲ့ကြောင်း၊ ၎င်းအိမ်တွင်လည်း ရောဂါသည်အဖွားအို

တစ်ဦးသာ နေထိုင်ခဲ့ခြင်းကြောင့် မြူဆွယ်ရန် အဆင်မပြေ သဖြင့် အလုပ်မှထွက်ခဲ့ပြန်ပါတယ်။

ပဉ္စမအကြိမ်အိမ်အကူလုပ်ငန်းကို တာမွေမြို့နယ်ရှိ တိရစ္ဆာန်ဆေးကု ဆရာဝန် အမျိုးသမီးတစ်ဦး၏ နေအိမ်တွင် လုပ်ကိုင်ခဲ့ရာ အဆင်မပြေသဖြင့် အလုပ်မှထွက်ခဲ့ကြောင်း၊ ဆဋ္ဌမအကြိမ် အိမ်အကူလုပ်ငန်းကို ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးဈေးအနီးရှိ တရုတ်လူမျိုးတစ်ဦး၏နေအိမ်တွင် အိမ်အကူလုပ်ခဲ့ရာ အိမ်ရှင်မိသားစုမှာ ရန်ကုန်သွားနေစဉ် ၎င်းနေအိမ်တွင် အလုပ်လုပ်သည့် ကုလားဆိုသူမှ ၎င်းအား သားမယားအဖြစ်ပြုကျင့် ရန်ကြံစည်ခဲ့ရာ မအောင်မြင်သဖြင့်ဒေါ်ညိုအား ပြောပြခဲ့ရာ ဒေါ်ညိုမှ သားမယားအဖြစ်ပြုကျင့်ခံရသည်ဟုပြောဆိုရန် သင်ပေးပြီး တရုတ်မိသားစုထံမှ လျော်ကြေးငွေတောင်းခံ

ခဲ့သော်လည်း အဆင်မပြေသဖြင့် ပဲခူးအမှတ် (၃)ရဲစခန်းတွင် သားမယားအဖြစ်ပြုကျင့်ခံရသည်ဟု မမှန်မကန်လီဆယ်တိုင်ကြားရန် ဒေါ်ညိုမှစေခိုင်းခြင်းကြောင့် တိုင်တန်းခဲ့ပါတယ်။



ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် အိမ်အကူလုပ်ရန် ဒေါ်ညို၏ ဆက်သွယ်ပေးမှုကြောင့် ၅-၇-၂၀၁၈ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး အသက်(၇၅)နှစ်အရွယ်ရှိ ဒေါ်ဇင်မာဦး၏ မိခင်အား ပြုစုပေးရန် ခေါ်ယူ

ထားခြင်းဖြစ်ရာ ဒေါ်ဇင်မာဦးမရှိခိုက် သီဟတင်စိုးမှ ၎င်းအား သားမယား

ပြုကျင့်ခဲ့ကြောင်း လိမ်ညာ ပြောဆိုရန် ဒေါ်ညို သင်ပြသည့်အတိုင်း လိမ်ညာပြောဆို ကြံစည်၍အမှုရေးဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။



မခင်မာမြင့်အား အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ ဒေါ်ညို(၆၅)နှစ်အား စစ်ဆေးခဲ့ရာ သီဟတင်စိုးမှ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်အား သားမယားပြုကျင့်ခဲ့ကြောင်း ရဲစခန်းတွင် အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါ

က ၎င်းမှ ဈေးစကားပြောမည်ဖြစ်ကြောင်းပြောဆိုခဲ့ပြီး၊ သီဟတင်စိုး၏ ဇနီး ဇင်မာဦး အား နစ်နာမှုအတွက် ငွေကျပ်သိန်း(၁၀၀)ပေးပါကကျေနပ်မည်ဖြစ်ကြောင်း တောင်းဆိုမှုအပေါ် လိုက်နာခြင်းမရှိသဖြင့်

သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့တာလို့ သိရပါတယ်။



ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ သရုပ်ဆောင် သီဟတင်စိုးအပေါ် မုဒိမ်းမှုဖြင့် အရေးယူရန် တိုင်တန်းချက်မှာ မှန်ကန်မှုမရှိဘဲ တရားလို ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်နှင့် ဒေါ်ညိုတို့ပူးပေါင်း၍ လီဆယ်

တိုင်တန်းခြင်းဖြစ်ကြောင်း ဖော်ထုတ်ရရှိသဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က