AD
AD
AD

အင်ဒိုနီးရှား၊မြန်မာ၊ စကာင်္ပူ သုံးနိုင်ငံပူးပေါင်းပြီးတော့ ပြုလုပ်တဲ့ပန်းချီပြပွဲကို  Yangon Gallery မှာကျင်းပနေတာဖြစ်ပြီးတော့ သုံးနိုင်ငံပူးပေါင်းပြုလုပ်တဲ့ပထမဆုံးပန်းချီပြပွဲလည်းဖြစ်ပါတယ်။

 

play

"Contemporary art ပုံစံပါတယ်။ပုံစံစုံပါတယ်။ပန်းချီဝါသနာပါတဲ့မြန်မာနိုင်ငံကလူတွေ ပန်းချီပညာကို လေ့လာနိုင်အောင်ပါ။" လို့ ပါဝင်ပြသခဲ့တဲ့ ပန်းချီဆရာ ကိုသားကြီးက  ဓူဝံကို ပြောပါတယ်။

ပြပွဲမှာ နိုင်ငံသုံးနိုင်ငံက ပန်းချီဆရာတွေရဲ့ ကားပေါင်း ၇၀ လောက်ကို ပြသထားတာဖြစ်ပြီးတော့ မြန်မာနိုင်ငံက ပန်းချီဆရာငါးယောက်၊ အင်ဒိုနီးရှားနိုင်ငံက ပန်းချီဆရာ ခြောက်ယောက်၊ စကာင်္ပူက ပန်းချီဆရာလေးယောက် ပါဝင်ပါတယ်။

play

မြန်မာနိုင်ငံက ပန်းချီဆရာတွေဖြစ်တဲ့ ကိုကျော်စိုး၊ စိုးစိုး(လပွတ္တာ)၊ ကိုလှဘုန်း၊ကိုသားကြီး ၊ ကိုခင်ဇော်လတ်တို့ရဲ့ ပန်းချီကားတွေပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီပြပွဲကို Art Line Exhibition လို့ အမည်ပေးထားပြီးတော့ ဇူလိုင်လ ၁၇ ရက်နေ့ကနေ ဇူလိုင်လ ၂၀ ရက်နေ့အထိ မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ၀င်ကြေးအခမဲ့နဲ့ ပြသသွားမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD