ကယ်ဆယ်အပြီး အာဏာပိုင်တွေဆီကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

ရေယာဉ်ပျက်စီးတာကြောင့် သစ်သားလှေငယ်နဲ့ပင်လယ်ပြင်မှာမျောနေတဲ့ မြန်မာရေလုပ်သား ၁၂ ဦးကို

PTTEP ရဲ့ ဇောတိက လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအဖွဲ့ခွဲကနေပြီးကယ်တင်ခဲ့တယ်လို့ သိရပါတယ်။

Image 1.jpg

Photo- PTTEP



ဇူလိုင်လ ၇ ရက်နေ့က ကယ်ဆယ်ခဲ့တာဖြစ်ပြီးတော့ အဲ့ဒီရေလုပ်သားတွေက ရာသီဥတုအခြေအနေဆိုးဝါးတဲ့ပင်လယ်ပြင်မှာ ငါးရက်ကြာမျောပါနေခဲ့တာဖြစ်ပြီးတော့ မုတ္တမ ပင်လယ်ကွေ့က ဇောတိက စီမံကိန်းက ရေနံတူးစင်အနီးမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ရေလုပ်သား ၁၂ ဦးကို ကယ်တင်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတော့ အဝတ်အထည်နဲ့ အစားအသောက်ပံ့ပိုးမှုတွေပြုလုပ်ခဲ့တယ်လို့ ဇူလိုင် ၁၈ ရက်နေ့မှာ PTTEP က ထုတ်ပြန်ခဲ့ပါတယ်။

Photo- PTTEP

‘ပင်လယ်ပြင်မှာ ဒုက္ခသည်တွေကို တွေ့တဲ့အခါ ကယ်ဆယ်သူရော၊ဒုက္ခသည်နှစ်ဖက်လုံးရဲ့ လုံခြုံဘေးကင်းမှုအတွက် ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်’ လို့ ကယ်ဆယ်ခဲ့တဲ့ ကုမ္ပဏီက Safety, Security, Health and Environment (SSHE) Manager ဖြစ်တဲ့ Mr. Sutus Preuksjamas က ပြောပါတယ်။

 

ကယ်ဆယ်ခဲ့တဲ့ ရေလုပ်သားတွေကိုတော့ တပ်မတော်ရေ၊ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း၊ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဆီကို အကြောင်းကြားပြီးတော့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ ၂၀၁၆ ခုနှစ်မှာလည်းထိုင်းပင်လယ်ကွေ့မှာ မီးလောင်နေတဲ့ ငါးဖမ်းသဘောၤကလုပ်သား ၄၀ ကို ကယ်ဆယ်ခဲ့ပြိးတော့ ကုန်သဘောၤနစ်မြုပ်တာကြောင့် မုတ္တမ ပင်လယ်ကွေ့မှာငါးရက်ကြာမျောပါနေတဲ့ သဘောၤသား ၁၄ ဦးကိုလည်း ကယ်ဆယ်ခဲ့ဖူးတယ်လို့ ထုတ်ပြန်ထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က