မြန်မာနဲ့ သီရီလင်္ကာနှစ်နိုင်ငံမှာ စတင်မှာပါ။

မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို သင်္ခန်းစာယူပြီးတော့ သတင်းအတုတွေကို ဖျက်ချဖို့ ဖေ့စ်ဘွတ်က စီစဉ်နေပြီဖြစ်တယ်လို့ အမှုဆောင်အရာရှိချုပ် မာ့ဇူကာဘက်ကပြောဆိုလိုက်ပါတယ်။



Photo - WSJ

 



ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်ပြောဆိုလိုက်တာဖြစ်ပြီး ဖေ့စ်ဘွတ်အနေနဲ့ လွတ်လပ်စွာပြောဆိုခွင့်ကိုအလေးထားပေမယ့် သတင်းအချက်အလက်အမှားတွေပါနေတာတွေကိုတော့ ဖြုတ်ချမှာဖြစ်တယ်လို့ ဆိုပါတယ်။



ဒါပေမယ့် ဖေ့စ်ဘွတ်ရဲ့ ဗျူဟာအသစ်အရ ပြင်ပမှာရှိတဲ့ ရွေးချယ်ထားတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အကြောင်းအရာတစ်ခုဟာ သတင်းအချက်အလက်မှားနေလားဆိုတာ တစ်ချက်နဲ့၊ အကြမ်းဖက်မှုကို ဦးတည်နေသလားဆိုတာကို ဆုံးဖြတ်ပြီး နှစ်ခုစလုံးဖြစ်နေတယ်ဆိုရင် ဖြုတ်ချသွားမှာဖြစ်တယ်လို့ Wall Street Journal ကဖော်ပြပါတယ်။





ဒီအစီအစဉ်ကို ဖေ့စ်ဘွတ်ကို အကြောင်းပြုပြီး အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ မြန်မာနဲ့ သီရီလင်္ကာနိုင်ငံတွေမှာ စတင်မိတ်ဆက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။



"ကျွန်တော်တို့ ခုဆိုရင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မြန်မာစကားပြောတတ်တဲ့သူတွေကို အရေးတကြီးခန့်အပ်ဖို့ ရင်းနှီးမြုပ်နှံမှုပြုလုပ်ထားပါတယ်။ ဒါဆိုရင် ဘယ်သူတွေက အမုန်းစကားပွားနေတယ် ပြဿနာတွေဖြစ်ဖို့ လှုံဆော်နေတယ်ဆိုတာကို ကျွန်တော်တို့သိဖို့ ကူညီနိုင်မှာပါ။" လို့ ဖေ့စ်ဘွတ်ရဲ့ CEO Mark Zuckerberg ကပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က