ဲJICA ရဲ့အထောက်အပံ့နဲ့ တည်ဆောက်မှာဖြစ်ပါတယ်။

ဆေးရုံသစ်ကြီးကို ဂျပန်နိုင်ငံအစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်မှူအကူအညီ အောက်က ဂျပန် ယန်း စုစုပေါင်း ၈.၆၆၁ ဘီလီယံ အကုန်အကျခံတည်ဆောက်မှာဖြစ်ပြီးတော့ ဆေးအချို့နဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများကိုလည်း လှူဒါန်းမယ်လို့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က သိရပါတယ်။



37409901_2229675090380525_6917913242530480128_o.jpg

Photo - JICA



အထပ် ၇ ထပ်ရှိမယ့် အဲ့ဒီဆေးရုံသစ်ကြီး ပြီးစီးရင် ရန်ကုန်အထွေထွေ ဆေးရုံကြီးက နှလုံးရောဂါကုသရေး ဌာန၊ နှလုံးခွဲစိတ်ကုသရေးဌာန ၊ ဦးနှောက်နှင့် အာရုံကြောကုသရေးဌာန နဲ့ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသရေးဌာနတွေကို အဲ့ဒီကိုပြောင်းရွေ့ကုသစေမှာဖြစ်ပါတယ်။



ဆေးရုံးမှာလိုအပ်တာတွေကိုတော့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်နဲ့ အဓိက ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများကို ဝယ်ယူမမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။ ဆေးရုံ၏ အဆောက်အဦး ဒီဇိုင်းကို ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနမှရေးဆွဲနေပြီး ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလအတွင်းစတင်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။





အခုတည်ဆောက်မယ့် ဆေးရုံသစ်ကြီးဟာ ၁၉၈၂ ခုနှစ်က ဂျပန်နိုင်ငံရဲ့ အကူအညီ အထောက်အပံ့နဲ့ တည်ဆောက်ခဲ့တဲ့ ရန်ကုန်အထွေထွေ ဆေးရုံသစ်ကြီးအနီးမှာ တည်ရှိမှာဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က