၅ ခုမြောက်ဥယျာဉ်လဲဖြစ်ပါတယ်။

ရန်ကုန်မြို့က ၄၁ လမ်းနဲ့ ၄၂ လမ်းကြားအထက်ဘလောက်မှာ နောက်ဖေးလမ်းကြားဥယျာဉ်တစ်ခုကို ဒီနေ့ ဇူလိုင် ၂၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

37537811_1704324772955578_8143943843658596352_n.jpg



တို့အိမ်အဖွဲ့အစည်းကနေ ဦးဆောင်ဖွင့်လှစ်ထားတဲ့ ဒီနောက်ဖေးလမ်းကြားဥယျာဉ်မှာတော့ ကလေးကစားကွင်းတွေ၊ နံရံဆေးရေးပန်းချီတွေပါဝင်တာဖြစ်ပြီး ရပ်ကွက်နေ ကလေးငယ်တွေရဲ့ အကူအညီနဲ့ ဦးဆောင်ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။



" ဒိန်းမတ်က ဗိသုကာတစ်ယောက်ကလည်း နောက်ဖေးလမ်းကြားနေရာတစ်ခုမှ နေချင်စဖွယ်ကောင်းတဲ့ နေရာတစ်ခုဖြစ်အောင် ဖန်တီးချင်တဲ့အတွက်ကြောင့် ဒါကို ဖန်တီးဖြစ်တာပါ။ အနာဂါတ်မှာလည်း အသုံးပြုသူကို ဦးစားပေးတဲ့ လမ်းကြားတွေကို ဖန်တီးပေးဖို့်ရှိပါတယ်။ '' လို့ ဒိန်းမတ်သံရုံးရဲ့ corporate affairs ဖြစ်သူ Ms Dorte Chortsen ကဖွင့်ပွဲမှာပြောပါတယ်။



ဒီလိုနောက်ဖေးလမ်းကြားဥယျာဉ်တွေ ဖွင့်လှစ်တာက ငါးခုမြောက်ရှိနေပြီဖြစ်ပြီးတော့ နောက်ဖေးလမ်းကြားတွေမှာ အမှိုက်ပစ်တာတွေလျော့နည်းပြီး နေချင်စဖွယ် ဖြစ်လာအောင်ရည်ရွယ်တာလို့ သိရပါတယ်။



နောက်ဖေးလမ်းကြားဥယျာဉ်တွေကို သက်ဆိုင်ရာ theme အလိုက်ပြုလုုပ်တာဖြစ်ပြီးတော့ ငြိမ်းချမ်းရေး ၊သဘာဝပတ်ဝန်းကျင် အပါအဝင် ပန်းချီစတဲ့ နောက်ဖေးလမ်းကြားနာမည်တွေပါဝင်ခဲ့ပြီးတော့ အခုဖွင့်လှစ်တဲ့ ၄၁ လမ်းနဲ့ ၄၂ လမ်းကြားက နောက်ဖေးလမ်းကြားဥယျာဉ်က တော့ ကလေးတွေရဲ့ပံ့ပိုးကူညီမှုတွေနဲ့ ပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။



ကလေးကစားကွင်းငယ်တွေအပါအဝင် နံရံ ပန်းချီတွေနဲ့ဖြည့်စွက်ထားပါတယ်။

ဒီလမ်းကြားကိုတော့ ဒိန်းမတ်သံရုံးက ငွေကြေးကူညီထားတာဖြစ်ပြီးတော့ ဒို့အိမ်အဖွဲ့ရဲ့ ကော်မတီဝင်တွေက လုပ်ဆောင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က