ဆရာဝန်အမျိုးသမီးမှာ ဒဏ်ရာတွေလည်း ရရှိခဲ့ပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ ဆရာဝန်အမျိုးသမီးတစ်ဦး အဌားယာဉ် ဌားစီးရာကနေ အဌားယာဉ်မောင်းက ရိုက်နှက်လုယက်မှုကျုးလွန်ခဲ့တယ် လို့သိရပါတယ်။

 

ဖြစ်စဉ်ကတော့ ဇူလိုင် ၂၁ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က တောင်ဥက္ကလာပမြို့နယ် ၄ ရပ်ကွက်မှာနေထိုင်တဲ့ ဆရာဝန်မ တစ်ဦးဟာ ဝေဇယန္တာလမ်းမကြီးထောင့်ကနေ ဗဟိုအမျိုးသမီး ဆေးရုံကို တက္ကစီငှားရမ်း စီးနင်းခဲ့ပါတယ်။

ယာဉ်မောင်းအမျိုးသားက အိမ်မှာ ပစ္စည်းဝင်ယူစရာရှိတယ်လို့ ပြောဆိုပြီး ၃ ရပ်ကွက်အတွင်း မောင်းနှင်ခဲ့ရာ ငွေကြာယံဘုန်းကြီးကျောင်းရှေ့ ၁၃ လမ်းအရောက်မှာ ကားရပ်ပြီး ကားနောက်ခန်းမှ ဆရာဝန်မကို လည်ပင်းညှစ်နေချိန် အမျိုးသမီးတစ်ဦး ထပ်မံရောက်လာပြီး သူတို့နှစ်ဦးပူးပေါင်းကာ ဆရာဝန်မကို ၁ ပေခန့်ရှိတဲ့ အလူမီနီယံချောင်းနဲ့ ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်ဆရာဝန်မရဲ့ကျာက်စိမ်းလော့ကတ်သီးပါ ရွှေဆွဲကြိုး ၁ ကုံး၊ စိန်နားကပ် ၁ ရံ၊ လက်ကိုင်ဖုန်း ၁ လုံး၊ ထီး ၁ ချောင်း၊ ငွေစက္ကူရောရာ ၅၀,၀၀၀ ကျပ်တို့ကို လုယူခဲ့တယ်လို့ ရဲတပ်ဖွဲ့က စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ရိုက်နှက်ခဲ့ရမှူကြောင့် ဆရာဝန်မမှာ နဖူး၊ ဦးခေါင်း၊ ဝဲပါးတိုမှာ ဖူးရောင်ဒဏ်ရာတွေရရှိခဲ့တာကြောင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့တင်ပို့ခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ ယာဉ်မောင်းနှင့် အမျိုးသမီးတို့ ၂ ဦး(စုံစမ်းဆဲ)ကို တောင်ဥက္ကလာပမြို့မရဲစခန်း(ပ) ၈၁၈/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၁၁၄ (လုယက်မှုကျူးလွန်စဉ်နာကျင်စေမှု/အားပေးကူညီမှု)နဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က