AD
AD
AD

သံလွင်မြစ်၊ ဧရာဝတီမြစ်၊ ငဝန်မြစ်နဲ့ သောင်ရင်းမြစ်တို့မှာ မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေမှုကြောင့် ဒေသအချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေသိရပါတယ်။

play

 

လက်ရှိမှာ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့်ကျော်လွန်နေပြီး နောက်ထပ် ၁ ပေခွဲ ဆက်တက်နိုင်ဖို့ရှိနေတယ်လို့ မိုးဇလဌာနရဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ဓူဝံမီဒီယာကို ပြောပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ်ရေဟာလည်း ဟသာင်္တမြို့၊ ဇလွန်နဲ့ မဒေါက်မြို့တို့မှာ စိုးရိမ်ရေမှတ်အနားကိုရောက်ရှိနိုင်ပြီး ငဝန်မြစ်ရေဟာ နောက်နှစ်ရက်အတွင်း သာပေါင်း မြို့နယ်ကို စိုးရိမ်ရေမှတ်ကို ရောက်ရှိမယ်လို့ ဆိုပါတယ်။

play

"စိုးရိမ်ရေမှတ်ကြောင့် အဲဒီမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်တယ်။ စိုးရိမ်ရေမှတ် ပေဝက်လောက်ရောက်နေတဲ့နေရာတွေမှာဆိုရင် မြို့ပေါ်တွေမှာ မဟုတ်ဘဲ အနိမ့်ပိုင်းက ကျေးရွာတွေမှာ ရေဝင်ရောက်နိုင်တယ်။'' မိုးဇလဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

တနသာင်္ရီတိုင်းဒေသကြီးမှာ မြစ်ရေစိုးရိမ်ရေမှတ်ကျော်လွန်မှုကြောင့် ရေကြီးမှူတွေဖြစ်ပေါ်နေပြီး လူ ၄၀၀၀ ကျော်လောက် ရေဘေးလွတ်ရာပြောင်းရွှေ့နေ ရကာ စာသင်ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။

play

ဒါ့အပြင် သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့်လည်း မြဝတီမြို့မှာ ရေကြီးနေပြီး အိမ်ထောင်စုတွေ ရေဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့သိရပါတယ်။

လက်ရှိမှာ မုတ်သုံလေအားကောင်းမှုကြောင့်နောက်နှစ်ရက်အတွင်း မွန်၊ကရင်၊ တနသာင်္ရီ တိုင်းဒေသကြီးတို့မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD