AD
AD
AD

ထိုင်းနိုင်ငံ ကော့စမွီက ဟိုတယ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ကို သူမရဲ့ရိုးသားမှုကြောင့် ထိုင်းအစိုးရ တာဝန်ရှိသူတွေက ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့ပါတယ်။

play
Photo _ Supapong Chaolan



သူမ အလုပ်လုပ်ကိုင်နေတဲ့ အာ့ခ်ဘား ကမ်းခြေဟိုတယ်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သန့်ရှင်းရေးအလုပ်လုပ်နေတုန်း ဟိုတယ်လှေကားမှာ ပလက်စတစ်ဘူးနဲ့ ထည့်ထားတဲ့ ဒေါ်လာ ၁၁၀၀၀ (ထိုင်းဘတ် ၂၈၀၀၀၀) ကိုတွေ့ရှိခဲ့ပြီး အလည်လာရောက်သူ ဒက်ခ်ျလူမျိုးကို ပြန်လည် ပေးအပ်ခဲ့တာကြောင့်ဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။

ပိုက်ဆံတွေ တွေ့တွေ့ချင်းပဲ သူမဟာ ဟိုတယ်ရဲ့ ဧည့်ကြိုကောင်တာကိုသွားပြီး ပိုင်ရှင်ကို ဆက်သွယ်ခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို ထိုင်းရဲတွေက လုံခြုံရေးကင်မရာတွေက စစ်ဆေးစဉ်မှာ နယ်သာလန်နိုင်ငံကနေ လာရောက်တဲ့ အသက် ၃၁ နှစ်အရွယ် အလက်ဇန်းဒါး ဂျိုးဇက်ဆိုသူဟာ လှေကားမှာ ဆေးလိပ်သောက်ပြီး သူ့အခန်းကို ပြန်တဲ့အချိန်မှာ မေ့ကျန်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ ဟိုတယ် မန်နေဂျာဖြစ်သူက ဧည်သည်ကို သူ့ရဲ့ ပိုက်ဆံဘူးကို ပြန်လည် စစ်ဆေးစေပြီး ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဒက်ခ်ျလူမျိုး ခရီးသည်က မြန်မာအမျိုးသမီးကို ဒေါ်လာ ၁၀၀ ပြန်လည် ဆုချီးမြှင့်ခဲ့ပါတယ်။

ကျွန်း အာဏာပိုင်တွေကတော့ ခုလိုမျိုး မြန်မာအမျိုးသမီးရဲ့ လုပ်ဆောင်ချက်ဟာ ကော့စမွီကျွန်းရဲ့ ဂုဏ်သိက္ခာကို တက်စေပြီး ကျွန်းကနေ ကျေးဇူးတင်တဲ့အနေနဲ့ ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD