ပြုလုပ်သူတွေကို စုံစမ်းနေဆဲဖြစ်ပါတယ်။

မြစ်ကြီးနားက ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်က ဗိုုလ်ချုပ်ရုပ်တုကို ဇူလိုင် ၂၂ ရက်နေ့ ညနေပိုင်းက သဘောၤဆေးလောင်းပြီးတော့ ဖျက်ဆီးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ရုပ်တုရဲ့ မျက်နှာနဲ့ ရင်ဘတ်အပါအဝင် ရုပ်တုတစ်ခုလုံးကို သဘောၤဆေးအစိမ်းရင့်ရောင်သုံးပြီးတော့ လောင်းချ ဖျက်ဆီးသွားတာဖြစ်ပါတယ်။

37632234_627715557583951_1550448035253714944_n.jpg

Photo - စည်သူ(မြစ်ကြီးနားသတင်းဂျာနယ်)

"အဲ့ဒီဝန်းက အမြဲသော့ခတ်ထားတာဗျ။တော်ရုံဝင်ဖို့လည်းမလွယ်ဘူး။ခြံစည်းရိုးကို ကျော်တက်ထားပြီးတော့မှ အဲ့ဒီရုပ်တုနားက မြက်ခင်းမှာလည်း ခြေရာတွေတွေ့ရတယ်။ဘေးနားက အုတ်ခုံတွေကိုလည်း ဖျက်ဆီးထားတာတွေရှိတယ်။လူကျော်ဝင်ထားပြီး ဖျက်ဆီးထားတဲ့ပုံစံမျိုးပါပဲ" လို့ မြစ်ကြီးနားဒေသခံတစ်ဦးဖြစ်တဲ့ ကိုသူရက ဓူဝံကို ပြောပါတယ်။

အဆိုပါ ဗိုလ်ချုပ်ရုပ်တုက နှစ်နှစ်ဝန်းကျင်ခန့်သာရှိသေးပြီးတော့ ရုပ်တု စတင်စိုက်ထူထားတဲ့ကာလတစ်လျှောက်မှာ အခုလို ဖျက်ဆီးမှုဖြစ်ပွားတာက ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"လက်ရှိတော့ အသေးစိတ်ကို ကျွန်တော်တို့မသိရသေးပါဘူး။ စုံစမ်းပြီးရင်တော့ ပြန်ပြောပေးပါ့မယ်"လို့ ပြည်နယ်ရဲတပ်ဖွဲ့မှုး မှုခင်းတာဝန်ခံက ဓူဝံမီဒီယာကို ဖြေကြားခဲ့ပါတယ်။

 

ဗိုလ်ချုပ်ကြေးရုပ်ကိုဖျက်ဆီးဆေးဖြင့်ပတ်ဖြန်းရာနေရာဗိုလ်ချုပ်ရင်ပြင်ကို ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးနေဝင်းနဲ့စည်ပင်ကော်မတီအဖွဲ့လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသေးတယ်။

အဲ့ဒီရင်ပြင်ကို သော့ခတ်ထားတာဖြစ်ပြီးတော့ ရင်ပြင်ဝင်းထဲကို အနောက်မြောက်ထောင့်ကနေ ကျော်တက်ဝင်ရောက်ထားတဲ့ ခြေရာတွေကို တွေ့ရှိရတယ်လို့ မြစ်ကြီးနား သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။ အဲ့ဒီဖြစ်စဉ်က အာဇာနည်နေ့ (ဇူလိုင် ၁၉) ရက်နေ့အပြီးမှာဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က