AD
AD
AD

မုတ်သုံလေအားကောင်းမှုကြောင့် မွန်၊ကရင်နဲ့ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်မှာ မိုးရွာသွန်းမှုများပြီး ဆက်လက်ရေကြီးနိုင်ဖွယ်ရှိတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

ဇူလိုင်လနဲ့ သြဂုတ်လတွေဟာ မိုးအများဆုံးကာလဖြစ်ပြီး  မွန်၊ကရင်၊ တနသာင်္ရီတို့က အနောက်တောင်မုတ်သံလေကို တိုက်ရိုက်ခံစားရတဲ့ဒေသတွေ ဖြစ်တာကြောင့် မုတ်သုံကာလမှာ မိုးများဦးမယ်လို့ မိုးဇလဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

play

 

 “ ရေဘေးအခြေအနေတွေကတော့ မွန်၊ကရင်၊ တနသာင်္ရီဘက်မှာတော့ နည်းနည်းလေး ဆက်ရှိနေအုံးမယ်။ အခုလက်ရှိကတော့ ကမ်းရိုးတန်းတစ်လျှောက်မှာ မုတ်သုံလေ တက်လိုက်ကျလိုက်ဆိုတော့ နောက်ပိုင်းရက်တွေမှာတော့ မိုးကတော့ ပြီးခဲ့တဲ့ ရက်တွေထက်စာရင် လျော့လာမယ့်အနေအထားရှိပါတယ်။ဒါပေမယ့်ာ့ မိုးက ဆက်ကောင်းတဲ့အနေအထားလေးရှိတယ်။ နေရာကွက်ကျား မိုးကြီးတာာရှိနိုင်သေးတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလို ဒေသအလိုက် မိုးကြီးတာမျိုးတော့ သိပ်မရှိတော့ဘူး။” လို့ ဦးကျော်မိုးဦးက ဓူဝံမီဒီယာကို ပြောပါတယ်။

မိုးကြီးပြီး မြစ်ရေစိုးရိမ်ရေမှတ်အထက်ကို မြင့်တတ်နေမှုကြောင့်  တနသာင်္ရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရေဘေးကြောင့်လူ ၉၀၀၀ ကျော်လောက် ယာယီရွှေ့ပြောင်းထားရတယ်လို့လည်းသိရပါတယ်။

တနသာင်္ရီတိုင်းမှာ လူဦးရေ ၅၀၀၀ ကျော်၊ ကရင်ပြည်နယ် ဘားအံ၊ မြ၀တီ၊ လှိုင်းဘွဲ့နဲ့ ကော့ကရိတ်မြို့နယ်တို့မှာ  လူဦးရေ ၂၂၀၀ခန့်၊ ပဲခူးတိုင်းမှာလည်း လူဦးရေ ၁၄၀၀ ခန့်လောက်ကို ပြောင်းရွှေ့ထားရတာဖြစ်ပါတယ်။

play

 

လက်ရှိမှာ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့်ကျော်လွန်နေပြီး နောက်ထပ် ၁ ပေခွဲ ဆက်တက်နိုင်ဖို့ရှိနေတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

 

Photo - Myanmar Fire Services Dept

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD