၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်မယ်လို့ သိရပါတယ်။

တောင်ဒဂုံမြို့နယ်မှာ စက်မှုလက်မှု အတတ်ပညာသင်တန်းကျောင်း တစ်ခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်မယ်လို့ သိရပါတယ်။

NDG.PNG 

တောင်ဒဂုံမြို့နယ် ၁၀၅ ရပ်ကွက် လှော်ကားလမ်းနဲ့ ဂရုဏာလမ်းဒေါင့်မှာ ၁၄ ဧကကျယ်ဝန်းတဲ့မြေနေရာမှာ တည်ဆောက်သွားမယ်လို့ သိရပါတယ်။



အခြေခံ လက်လုပ်လက်စားတွေ၊ စက်မှုဇုန်တွေ များတဲ့ အဆိုပါမြို့နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင်မယ့် သက်မွေးပညာတွေကို သင်ကြားပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ တောင်ဒဂုံလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဓူဝံမီဒီယာကို ပြောပါတယ်။

“တောင်ဒဂုံမှာက အခြေခံလက်လုပ်လက်စားတွေများတယ်။ အတန်းပညာအားနည်းတော့ အလုပ်အကိုင်လဲ မယ်မယ်ရရမရှိကြဘူး။ ဒီလို သက်မွေးဝမ်းကျောင်းသင်တန်းကျောင်းကို အကောင်အထည်ဖော်နိုင်ဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအေးနိုင်က ပြည်ထောင်စုအဆင့်ကို တင်ပြပြီး ဆောက်လုပ်ဖို့ အတည်ပြုချက်ရခဲ့တာပါ” လို့ ဦးညီညီက ဆိုပါတယ်။

အဆိုပါ သက်မွေးပညာကျောင်းမှာ သုံးထပ်စာသင်ဆောင်၊ လေးခန်းတွဲလေးထပ်၊ ဆရာဆရာမ အိမ်ယာနှစ်လုံး၊ တစ်ထပ်စာသင်ဆောင်တွေ၊ ခြံစည်းရိုး၊ ထရန်စဖော်မာ တို့ ပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ တောင်ဒဂုံမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်က ၂၀၁၁ ခုနှစ်ကစတင်ပြီး အခမဲ့သက်မွေးဝမ်းကျောင်းပညာ သင်တန်းဖွင့်လှစ် သင်ကြားပေးနေပြီး ဆံပင်ညှပ်သင်တန်း၊ စက်ချုပ်သင်တန်း၊ကွန်ပျူတာသင်တန်းနဲ့ ဝရိန်သင်တန်းတို့ကို သင်ကြာပေးနေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က