ဆုပေါင်းများစွာ ပေးအပ်သွားမှာဖြစ်ပါတယ်။

စီးပွားရေးအရ အောင်မြင်မှုရှိပြီးဝင်ငွေနိမ့်ပါးတဲ့ ဒေသခံတွေကိုပါ အကျိုးခံစားခွင့်ရှိစေဖို့ အတွက်မြန်မာ့ တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာဆု (Myanmar Responsible Tourism Awards-MRTA) ဆုကို ပေးအပ်သွားမယ်လို့ သိရပါတယ်။

dsc_0111a-kopie.jpg

Photo - MRTA

၂၀၁၈ ခုနှစ်အတွက်ပေးအပ်မယ့် အဲ့ဒီဆုကို ခရီးသွားလုပ်ငန်းရှင်တွေကို တီထွင်တီထွင်ဆန်းသစ်မှုရှိစေဖို့နဲ့ စီးပွားရေးအရ အောင်မြင်မှုရှိပြီးဝင်ငွေနိမ့်ပါးတဲ့ ဒေသခံတွေကိုပါ အကျိုးခံစားခွင့်ရှိစေဖို့ အတွက် Product and Package Competition အမည်နဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခရီးသွားလုပ်ငန်းမှာ တီထွင်ဆန်းသစ်မှုရှိတဲ့လုပ်ငန်းရှင်တွေရဲ့ အားထုတ်မှုတွေကို ဖော်ထုတ်ပြသဖို့၊ တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ဆောင်မှုတွေကို အတုယူလုပ်ကိုင်စေဖို့နဲ့ ရေရှည်တည်တံ့ပြီး စီးပွာားရေးအရ အောင်မြင်ပြီး ဝင်ငွေနိမ့်ပါးတဲ့ ဒေသခံတွေကို အကျိူးရှိစေမယ့် ခရီးသွားပုံစံတွေ လာရောက်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။

37396603_10213420477932592_2980781876941160448_n.jpg

Photo-MRTA

တာဝန်သိခရီးသွားလုပ်ငန်းဆုတွေကို အပိုင်းလိုက်ပေးအပ်သွားမှာဖြစ်ပြီးတော့ (၁) ခရီးသွားဧည့်သည်တွေတည်းခိုနားနေနိုင်ဖို့ အကောင်းဆုံးဖော်ဆောင်လုပ်ကိုင်နေတဲ့ တာဝန်သိခရီးသွားလုပ်ငန်းဆု( ၂) အကောင်းဆုံးတာဝန်သိခရီးသွားလုပ်ငန်းရှင် (၃) ဒေသခံတွေပါဝင်မှုရှိတဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ အကောင်းဆုံးဖော်ဆောင်လုပ်ကိုင်နိုင်မှု၊(၄) အကောင်းဆုံးတီထွင်ဆန်းသစ်နိုင်သော တာဝန်သိခရီးသွားလုပ်ငန်းအမျိုးအစား၊ (၅) တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာဖြန့်ပေးနိုင်တဲ့စီမံကိန်းအမျိုးအစား၊ (၆) အခွင့်အလမ်းနည်းပါးသူတွေကို အကျိုးရှိစေမယ့် ခရီးသွားလုပ်ငန်းဆိုင်ရာ အကောင်းဆုံး ဝန်ဆောင်မှု စတဲ့ ဆုတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။

ပါဝင်ချင်တဲ့ ခရီးသွားလုပ်ငန်းတွေအနေနဲ့ သြဂုတ်လ ၁၀ ရက်နေ့မှာ ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီးတော့ Myanmar Responsible Tourism Awards မှာကြည့်ရှုလို့ရတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က