AD
AD
AD

ရန်ကုန်ဆေးရုံကြီးမှာ ခြေထောက်ပြတ်လူနာကို ပထမဆုံး ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပါတယ်။တွံတေးမြို့နယ်က အသက် ၄၀ အရွယ် ကိုသိန်းဇော်ဦးဟာ မြတ်ခုတ်နေရင်း ခြေထောက်ကို ဖြတ်မိရာကနေ ခြေကျင်းဝတ်ကနေ ပြတ်ထွတ်သွားခဲ့ပါတယ်။

play

ဖြစ်ဖြစ်ချင်း ရန်ကုန်ဆေးရုံကြီးကို ၃ နာရီအတွင်း ရောက်လာခဲ့ပြီး ရန်ကုန်ဆေးရုံကြီး လက်ပိုင်းဆိုင်ရာအထူးကုဆရာဝန်ကြီးတွေ ၅ နာရီကြာ  ခွဲစိတ်ကုသပေးရာကနေ ခြေထောက်ကို ပြန်ဆက်နိုင်ခဲ့ပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ လက်ပြတ်တဲ့လူနာတွေကို ခွဲစိတ်ကုသပေးနေပြီး ခြေထောက်ပြတ်လူနာကိုတော့ အခုမှ ပထမဆုံး ခွဲစိတ်ကုသပြီး အောင်မြင်ခဲ့တယ်လို့ အရိုးရောဂါပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာခင်မောင်မြင့်က ပြောပါတယ်။

“ခြေထောက်ပြတ်တာ ပြန်ဆက်နိုင်တာကတော့ မြန်မာ့ဆေးလောကမှာ ပထမဦးဆုံးပါ။ လက်ပြတ်၊ ခြေထောက်ပြတ်တဲ့ လူနာတွေက ၆ နာရီအတွင်း ဆေးရုံရောက်ဖို့ လိုတယ်။ ဌာနကို အကြောင်းကြားဖို့လိုတယ်။ အဲဒါမှကျွန်တော်တို့က ကြိုတင်ပြင်ဆင်ပြီး ညွှန်ကြားနိုင်ပါတယ်။ လက်ကို ပလတ်စတစ်အိတ်ထဲထည့်ပြီး အေးပြီး ခြောက်သွေ့အောင်ထားပြီး ယူလာဖို့လိုပါတယ်။ အခု ခြေထောက်ပြတ်တာ ပြန်ဆက်နိုင်တာကတော့ မြန်မာ့ဆေးလောကမှာ ပထမဦးဆုံးပါ။ ” လို့ ဒေါက်တာခင်မောင်မြင့်က ပြောပါတယ်။

play

“ဇွန်လ ၁၉ ရက်နေ့ မနက် ၉ နာရီလောက်ကစဖြစ်ပြီး ဆေးရုံကို ၁ နာရီလောက် ရောက်လာတယ်။ အဲဒီနေ့မှာပဲ လွှဲစာယူပြီး ခွဲစိတ်ခဲ့တာပါ။ အခုတော့ သက်သာလာပါပြီ။ " တွံတေးမြို့နယ်မှ ကိုသိန်းဇော်ဦးက ပြောပါတယ်။

ရန်ကုန်ဆေးရုံကြီး မှာ ၁၉၉၈ ခုနှစ်ကနေ အခုချိန်ထိ လက်ကောက်ဝတ် ၄၀ ကျော်၊ လက်မောင်းခွဲစိတ်တာ ၂ ခုနဲ့ လက်ချောင်းတွေဆက်တာ ရာဂဏန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD