ဗိုလ်ချုပ်အောင်ဆန်းကို မလေးစားလို့ စိုက်ထူခွင့်မပြုတာ မဟုတ်ဘူးလို့ဆိုပါတယ်။

တိုင်းရင်းသားတွေရဲ့ တည်ရှိမှူကို အသိအမှတ်ပြုတာတွေမလုပ်ခင် ဗိုလ်ချုပ်ကြေးရူပ်မစိုက်ထူ

သင့်ဘူးလို့ ကရင်နီ(ကယား) ပြည်နယ်လူငယ်တွေက ဒီနေ့ ဇူလိုင် ၂၄ ရက်နေ့မှာရှင်းလင်းခဲ့ပါတယ်။





ဗိုလ်ချုပ်အောင်ဆန်းကို မလေးစားလို့ မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်ရဲ့ ကတိကဝတ်တွေထားခဲ့တဲ့အတိုင်း အရင်ဆုံးအကောင်အထည်ဖော်ပေးတာတွေ ပြီးတော့မှ ဒေသခံတွေဘက်က လိုလိုလားလား စိုင်ထူချင်ပါတယ်လို့ သူတို့က ရှင်းလင်းခဲ့တာပါ။



"ကျွန်တော်တို့မှာ ပုဂ္ဂိုလ်ရေး၊လူမျိုးရေး လုံးဝမရှိပါဘူး။ ဗိုလ်ချုပ် ရဲ့ အဓိက ကတိကဝတ်တွေ အကောင်အထည်ဖော်တာထက် ဒေသခံတိုင်းရင်းသားတွေကန့်ကွက်ကြတဲ့အထဲက ကြေးရုပ်စိုက်ထူနေတာက ဗိုလ်ချုပ်ရဲ့ ကတိကဝတ်တွေကို ချိုးဖောက်နေတာဖြစ်တယ် '' လို့ ကရင်နီ(ကယား) ပြည်နယ် လူငယ်ကိုယ်စားပြုအဖွဲ့ဝင်တွေက စာနယ်ဇင်းရှင်းလင်းပွဲမှာ တညီတညွတ်တည်းပြောခဲ့ပါတယ်။



ပြည်နယ် အစိုးရဝန်ကြီးချုပ်အနေနဲ့လည်း ဇူလိုင် ၂၃ ရက်နေ့က အစိုးရအဖွဲ့အနေနဲ့ ဆက်လုပ်မှာမဟုတ်တော့ဘဲနဲ့ ပြည်သူက လိုလားရင် အစိုးရက ဝန်းရံပေးမယ်၊ ပံပိုးပေးမယ်ဆိုပြီးတော့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိူးက ဦးဆောင်ရှင်းလင်းခဲ့ပါတယ်။



"ကျွန်တော်တို့ လူငယ်အဖွဲ့တွေမြင်တာက ဒါက အရုပ်တစ်ခုတည်းမဟုတ်ဘူး။ နိုင်ငံရေး၊အမျိူးသားရေးနဲ့ဆိုင်တယ်။ ကျွန်တော်တို့ဘက်ကလည်း ရေရှည်ကိုကြည့်တယ်။ သဘောတူတဲ့လူရှိသလို မတူတဲ့ လူတွေအတွက် ထိပ်တိုက်တွေ့တာတွေ ရှိလာနိူင်တယ်။ ကျွန်တော်တို့ရဲ့ စာပေယဉ်ကျေးမှုအဖွဲ့တွေရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတယ်။ ညှိနှိုင်းပြီးမှ ထားသင့်တာပါ'' လို့ ကရင်နီ (ကယား) ပြည်နယ်လူငယ်ပြောရေးဆိုခွင့်ရှိသူ ကိုခွန်ဘားနက်က ပြောပါတယ်။



ဗိုလ်ချုပ်ရုပ်တု မထားရေးကန့်ကွက်တာက လူမျိူးရေး ပုဂ္ဂိုလ်ရေး ခွဲခြားတာမရှိဘူးလို့ လူငယ်တွေက စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။



လက်ရှိမှာတော့ ဗိုလ်ချုပ်ရုပ်တုထားဖို့ကို ရွှေ့ဆိုင်းထားပြီးတော့ ဒီလိုတိုင်းရင်းသားဒေသတွေမှာ ရုပ်တုလာဆောက်တာက နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုရှိရမယ်လို့လည်း စာနယ်ဇင်းရှင်းလင်းပွဲမှာ လူငယ်တွေက ပြောကြားခဲ့ပါတယ်။ ရုပ်တုကို ဘယ်အချိန်ပြန်လုပ်ခွင့်ရှိမလဲဆိုပြီးတော့ သတင်းထောက်တွေရဲ့ မေးမြန်းမှုကိုတော့ အချိန်ကာလပြောခွင့်မရှိဘဲ လက်ရှိမှာ ရွှေ့ဆိုင်းထားပြီးတော့ ဌာနေသမိုင်းကြောင်းအရ ရှိနေတဲ့ အခွင့်အရေးကို မရမချင်း ရုပ်တုမလုပ်ဖို့ကိုပဲ ပြောချင်တယ်လို့ ရှင်းလင်းတဲ့ အဖွဲ့တွေက ပြောကြားခဲ့ပါတယ်။



ဗိုလ်ချုပ်ကြေးရုပ်ထား၊ မထားနဲ့ပတ်သတ်ပြီး ကယားပြည်နယ်မှာ ကန့်ကွက်မှုတွေဖြစ်ပေါ်ခဲ့ပြီးတော့ အဲ့ဒီ ကန့်ကွက်မှုမှာပါဝင်ခဲ့တဲ့ လူငယ်အချို့ကို အရေးယူမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။



ဒီလိုအရေးယူတာက ကန့်ကွက်မှူမှာ ဦးဆောင်ပါဝင်တဲ့လူငယ်တွေအနေနဲ့ ဥပဒေနဲ့ မညီတဲ့ ဝါဒဖြန့်တာတွေ၊ ကြေညာချက် ထုတ်တာတွေကို ဇူလိုင် ၃ ရက်နေ့ကပြုလုပ်ခဲ့တာကြောင့် ဆန္ဒပြမှူကို ဥပဒေနဲ့ အညီ လုပ်ဖို့ ညှိနှိုင်းပေမယ့် ဥပဒေနဲ့ မညီပြုလုပ်တာတွေကြောင့် တရားစွဲတာလို့ ပြည်နယ်က တာဝန်ရှိသူတွေက ပြောထားပါတယ်။



အခုလို သဘောမတူတာက အဖွဲ့ ၈ ဖွဲ့ဖြစ်ပြီး ရုပ်တုထားဖို့ သဘောတူတဲ့အဖွဲ့က ငါးဖွဲ့ဖြစ်ပြီးအဲ့ဒီအဖွဲ့တွေက လေးစားရတဲ့ခေါင်းဆောင်တစ်ဦးရဲ့ ရုပ်တုဖြစ်လို့ထားသင့်တယ်လို့ သဘောထားထုတ်ပြန်ခဲ့ကြပါတယ်။

Share

Loading Next Article...
က္က