အသက်အရွယ်ကြောင့် အလုပ်ကောင်းကောင်းမလုပ်နိုင်မှာ စိုးရိမ်မှုတွေရှိနေပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဥက္ကဋ္ဌ အဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကို ဆက်လက်ခန့်အပ်ဖို့အတွက် နိုင်ငံတော် သမ္မတရုံးကနေ ပြည်ထောင်စုလွှတ်တော်ဆီကို ပေးပို့လိုက်ပါတယ်။

Photo - ပြည်ထောင်စုလွှတ်တော်





ဒီနေ့ ဇူလိုင် ၂၆ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သက်တမ်းကုန်ဆုံးတော့မယ့် ဗဟိုဘဏ် ဥက္ကဋ္ဌ ရာထူူးအတွက် ခန့်အပ်ဖို့ သမ္မတရုံးကပေးပို့ထားတဲ့ ပုဂ္ဂိုလ်အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဖတ်ကြားခဲ့တာပါ။



နိုင်ငံတော်သမ္မတက အဆိုပြုတဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ရာထူးနဲ့ ပတ်သက်ပြီး သဘောတူခြင်းနှင့် ကန့်ကွက်လိုခြင်းမရှိမရှိကို ဇူလိုင်လ ၃၁ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။



ဦးကျော်ကျော်မောင်ဟာ ယခင်တပ်မတော် အစိုးရလက်ထက် ၁၉၉၇ ခုနစ်ကနေ ၂၀၀၇ ခုနစ်ကာလအထိ ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီးသမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် မှာ၂၀၁၃ ခုနစ် သြဂုတ်လ ၁ ရက်နေ့မှာ ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ်ပြန်လည်ခန့်အပ်ခံခဲ့ရပါတယ်။



အဲ့ဒီနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာလည်း ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် ထပ်မံအမည်စာရင်းတင်သွင်းခံရတာဖြစ်ပါတယ်။မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပါ ပြဌာန်းချက်အရ ဗဟိုဘဏ် ဥက္ကဋ္ဌ ၏ သက်တမ်းမှာငါးနှစ်ဖြစ်ပြီး နှစ်ကြိမ်ဆက် တာဝန်ထမ်းဆောင်ခွင့်ရှိပါတယ်။



ဒါပေမယ့် လက်ရှိမှာ ဦးကျော်ကျော်မောင်ဟာ အသက် ၇၉ နှစ်ရှိနေတာဖြစ်ပြီး အသက်အရွယ်ကြီးနေတာကြောင့် တာဝန်ထမ်းဆောင်ဖို့ မသင့်တော်ဘူးဆိုပြီး ဝေဖန်မှုတွေလည်းရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က