မြန်မာနိုင်ငံမှာ အားဆင်းနစ်အဆိပ်ဓာတ်အများဆုံးတွေ့ရှိရတာက ဧရာဝတီတိုင်းဒေသကြီးဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှာ အရေပြားရောဂါ၊ အာရုံကြောရောဂါတွေ ဖြစ်ပွားစေနိုင်တဲ့ ရေထဲမှာ အာဆင်းနစ်ဓာတ်ကို တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီတွေ့ရှိချက်ကို ဆေးသုတေသနဦးစီးဌာနနဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး ၃ နှစ်ကြာ သုတေသနပြုလုပ်ခဲ့တာပါ။

အားဆင်းနစ်အဆိပ်ဓာတ်ဖြစ်စေသော ရောဂါလက္ခဏာတွေ့ရှိရစဉ်။

 

၂၀၁၅ ခုနှစ် သြဂုတ်လကနေ ၂၀၁၈ ခုနှစ် ဇူလိုင်လ အထိ သာပေါင်းမြို့နယ်ရှိ ကုန်းထန်းကြီး၊ သရက်တော၊ ထန်းစင်လှ၊ ရှမ်းကွင်း၊ ရေလဲကြီး၊ လယ်တီချောင် ရွာတို့မှာ စစ်တမ်းကောက်ယူခဲ့တာပါ။

“မြန်မာနိုင်ငံမှာက မိုးရာသီဆိုရင် နှစ်တဝက်လောက်က မိုးရေသောက်ကြတော့ အာဆင်းနစ်ဓာတ် က သူများနိုင်ငံတွေ ထက်စာရင်တော့ တွေ့ရှိမှုနည်းပါတယ်။ သုတေသနအရ ရွာအချို့မှာရောဂါ လက္ခဏာအနည်းငယ်ရှိတဲ့သူကို တွေ့ခဲ့ရတယ်။ ဒါကြောင့် ဆက်မသောက်ဖို့၊ အာဟာရပြည့်တာတွေစားဖို့၊ နောက်ပြီး ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ ရေတွေကို သန့်စင်တဲ့နည်းစနစ်တွေလည်းလုပ်ခဲ့တယ်။”  ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ဖြူဖြူက ပြောပါတယ်။

 

ရေတွင်အားဆင်းနစ်ဓာတ်ပါဝင်မှုဆိုင်ရာ သုတေသနတွေ့ရှိချက်ရှင်းလင်းစဉ်။

 

အားဆင်းနစ်ဓာတ်ပါရှိတဲ့ ရေတွေကို ခြောက်လအထိ ဆက်တိုက်သောက်သုံးမယ်ဆိုရင် အရေပြားကင်ဆာရောဂါ ၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်တဲ့ ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ အားဆင်းနစ်အဆိပ်ဓာတ်အများဆုံးတွေ့ရှိရတာက ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး လာမယ့်နှစ်မှာ အားဆင်းနစ်အဆိပ်ဓာတ်အများဆုံးရှိနေတဲ့ ကျုံပျော်မြို့နဲ့ ကျောင်းကုန်းမြို့ရှိ ရေတွေမှာ စစ်တမ်းကောက်ယူမယ်လို့ သိရပါတယ်။

အားဆင်းနစ်အဆိပ်ဓာတ်က ဘင်္ဂလားဒေရှ့်၊လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတွေမှာတွေ့ရပြီး မြန်မာနိုင်ငံထက် ပဏာမများတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က