ဇူလိုင် ၃၀ ရက်နေ့မှာထုတ်ပြန်တာပါ။

ညောင်လေးပင်မြို့နယ် မုက္ခမူတာ ကျိုးပေါက်နေတာကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နိုင်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

37890735_1117023721780585_4269070992552230912_n.jpg

ပဲခူးရေကြီးမှုဖြစ်စဉ်( ဓါတ်ပုံ-လူမှုဝန်ထမ်း)

တာ ကျိုးပေါက်မှုဖြစ်ပေါ်နေတာကြောင့် ပတ်ဝန်းကျင်အနားက ရွာတွေဖြစ်တဲ့ ငါးကျီးအို၊ငါးကျီးအိုင်၊ ဗမော်တော၊ ဧက(၅၀၀) ချောင်းကျိုး၊ စည်ပင်နဲ့ လေးအိမ်စုရွာတွေကို ရေဝင်ရောက်ပြီး ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်လာနိုင်တာကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ဖို့ အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နေ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

 

အဲ့ဒီရွာတွေ အနီးအနားမှာ အရေးပေါ်ဖြစ်လာတယ်ဆိုရင် ဖုန်းနံပါတ်- ၀၆၇-၃၄၀၄၆၆၆ နဲ့ ၀၆၇-၃၄၀၄၇၇၇ ကိုဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။

နေပြည်တော်၊ ကရင်၊မွန်၊ရခိုင်ပြည်နယ် ပဲခူး၊ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှ ရေကြီးနစ်မြှုပ်ကြောင့်  ပျက်စီးဆုံးရှုံးမှုတွေ၊ ရေဘေးသင့်ပြည်သူတွေ ပိုများလာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် လူတစ်သောင်းသုံးထောင်ကျော် ၊ ဧရာဝတီတိုင်းမှာရှိတဲ့ မြို့ ၃ မြို့မှာ လူ၆၀၀၀ ကျော်၊ ပဲခူးတိုင်းက မြို့ငါးမြို့မှာ လူ၁သောင်းလောက်နဲ့ မွန်ပြည်နယ်လူ ၃၀၀၀ ကျော်နဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ လူငါးရာ ရေဘေးကြုံတွေ့နေရပြီးတော့ ကယ်ဆယ်ရေးစခန်းပေါင်း ၁၀၀ကျော်ဖွင့်လှစ်ထားရပါတယ်။

ကရင်ပြည်နယ်ဘီးလင်းနဲ့ ပဲခူးတိုင်းရေကြီးမှုက အဆိုးဆုံးဖြစ်နေပြီးတော့ ရေဘေးကယ်ဆယ်ရေး အကူညီပေါင်းများစွာလိုအပ်နေတယ်လို့လည်း သိရပါတယ်။

 

Share

Loading Next Article...
က္က