AD
AD
AD

သရုပ်ဆောင်အောင်ရဲထွေးအသတ်ခံရတဲ့ အမှုကို ရန်ကုန်တိုင်းတရားလွှတ်တော်က စွဲချက်ပြန်တင်ရန် လုပ်ဆောင်နေတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောကြားလိုက်ပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့မှာဒီအမှုကိုပြန်တင်မှာဖြစ်တယ်လို့ သူကပြောဆိုထားပါတယ်။

play
Photo - Yangon Police



လွှတ်မြောက်သွားတဲ့ သံသယတရားခံများတွေအနေနဲ့ ပြည်ပနိုင်ငံတွေမှာ ရောက်နေရင်လည်း အြပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ရှာဖွေဖမ်းဆီးသွားမယ်လို့ ဦးဇော်ဌေးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး 7Day နေ့စဉ်သတင်းစာကဖော်ပြပါတယ်။

ဇူလိုင် ၂၅ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးကနေ ချမှတ်လိုက်တဲ့အမိန့်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်တွေမှာ ဝေဖန်နေကြပြီး ငွေကြေးတစ်စုံတစ်ရာ ပေးမှုကြောင့်ဖြစ်တယ်လို့ ပြောဆိုဝေဖန်မှုတွေရှိနေပါတယ်။

ဒီအမှုဟာ သေဆုံးသူကို ဘယ်သူဘယ်ဝါက သေစေအောင်ပြုလုပ်တယ်ဆိုတာ မထင်ရှားတဲ့ အပြင် ဘာသာတူခြင်း မိသားစုခြင်းညှိနှိုင်းခဲ့မှုကြောင့် အမှုကို ပြန်လည်ရုပ်သိမ်းခဲ့ကြတာဖြစ်တယ်လို့ တရားခံရှေ့နေအဖြစ်ဆောင်ရွက်ခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကို က ဓူဝံပြောဆိုထားပါတယ်။

အဲ့ဒီအမှုနဲ့ ပါတ်သတ်ပြီး သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၅/၂၀၁၈ အမှုဖွင့်စစ်ဆေးခဲ့ပြီးတော့ အသက် ၂၆ နှစ်အရွယ် သန်းထွဋ်အောင်(ခ)သားကြီး၊ အသက် ၂၆ နှစ်အရွယ်ပြည့်ဖြိုးအောင်(ခ)အောင်လေး၊ အသက် ၂၈ နှစ်အရွယ်ကျော်ဇောဟန်(ခ) ကျော်ဇော ကို တရားခံအဖြစ်နဲ့ ဖမ်းဆီးရာ ကနေပြန်လွှတ်ပေးလိုက်တာပါ။
၂၀၁၇ ဒီဇင်ဘာလတုန်းက သရုပ်ဆောင်အောင်ရဲထွေး က The One Entertainment Park မှာလူတစ်စုရဲ့ ၀ိုင်းဝန်းကန်ကျောက်ခြင်းကို ခံခဲ့ရပြီး ဦးခေါင်းက ဒဏ်ရာတွေကြောင့် ဇန်န၀ါရီ ၂ ရက်နေ့မှာသေဆုံးခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD