အတိုင်ပင်ခံနှင့် နိုင်ငံတော်သမ္မတို့က စစ်ဆေးမှုတွေပြုလုပ်ခဲ့ဟုဆို။

လူမှုကွန်ရက်တွင် ဟာသဗီဒီယိုတွေနဲ့ လူသိများသူ သရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှုနဲ့ ပတ်သက်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၄(က)အရ အမှုကို ရုပ်သိမ်းခွင့် ပြုခဲ့တဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးရဲ့ ဇူလိုင်လ ၂၅ ရက်နေ့ အမိန့်ချမှတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတကြီးကရော၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကပါ စိစစ်မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

 

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ၂၀၁၈ ခုနှစ်၊ရာဇဝတ်မှုကြီးအမှတ် ၃၄

တရားလို ဖြစ်တဲ့ ကိုသန့်ဇင်ဦးနှင့် တရားခံ သန်းထွဋ်အောင် ပါ (၃) ရာဇသတ်ကြီးပုဒ်မ၃၀၂အရ စွဲဆိုမှုရုပ်သိမ်းလွှာတင်ပြသူများမှာ သေဆုံးသူအောင်ရဲထွးရဲ့ အစ်ကိုကိုသန့်ဇင်ဦး၊ သေဆုံးသူ၏ဖခင် ဦးမြင့်ဦး၊ သေဆုံးသူ၏မိခင် ဒေါ်သန်းသန်းထွေးနဲ့ သေဆုံးသူ၏အစ်ကို နေဇင်လတ်တို့ပဲ ဖြစ်ပါတယ်။ ရုပ်သိမ်းလွှာကို တရားလို ကိုသန့်ဇင်ဦးနဲ့ နစ်နာသူမိသားစုက တင်ပြလာတာ တယ်လို့ဆိုပါတယ်။

ကာယကံရှင် မိသားစုဝင်များက ရုပ်သိမ်ူးလွှာ တင်ပြတဲ့အပြင် တရားလိုပြ သက်သေတွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ ၁၄ ဦးရဲ့ ထွက်ဆိုချက်တွေမှာ ခိုင်လုံတဲ့ သက်သေထွက်ဆိုချက် ပေါ်ပေါက်ခြင်း မရှိတဲ့အတွက် (ရိုက်နှက်မှု ဖြစ်ပွားစဉ်မှာ ရှိနေတဲ့ သက်သေတွေကိုယ်တိုင်က မည်သူမည်ဝါ ဆိုပြီး အတည်ပြုပြောကြားခြင်း မရှိကြပါ) တိုင်းဒေသကြီး ဥပဒေချုပ်က အမှုကို ရုပ်သိမ်းဖို့ ရုပ်သိမ်းလွှာ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

သို့သော်လည်း ဒီလိုဆောင်ရွက်ချက်တွေကြောင့် လူသေမှု၊ လူသတ်မှုတွေကို ဒီလိုမျိုး ရုပ်သိမ်း လွှတ်ပေးရသလား ဆိုပြီး မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ ရုပ်သိမ်းလွှာတင်တဲ့ တာဝန်ရှိသူတွေကို ဝေဖန် ပြစ်တင်မှုတွေ ကျယ်ကျယ် လောင်လောင် ဖြစ်ပေါ်နေတဲ့အတွက် ဒီအမှုနဲ့ ပတ်သက်ပြီး အရှေ့ပိုင်းခရိုင်တရားရုံးက စွဲချက် မတင်မီ လွှတ်တဲ့အမိန့်ချမှတ်ထားတာ ဖြစ်တဲ့အတွက် အရှေ့ပိုင်းခရိုင်တရားရုံးရဲ့ အမိန့်ကို ပယ်ဖျက်ပေးဖို့၊ အမှုကို ဆက်စစ်ဆေးဖို့ တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်ပြဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဒေသကြီး ဥပဒေချုပ်ထံ ဒီကနေ့ ညွှန်ကြားလိုက်တယ်လို့ဆိုပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့ဒါမှမဟုတ် ၃၁ ရက်နေ့မှာ ဒီကစ္စအတွက် တိုင်းဒေသကြီး ဥပဒေချုပ်က တိုင်းဒေသကြီး တရားလွှတ်တော်ကို ပြင်ဆင်ချက် တင်သွင်းမှာ ဖြစ်ပါတယ်။ ဒီလို "စွဲချက်မတင်မီ လွှတ်တဲ့အမိန့်ကို ပယ်ဖျက်ပေးဖို့" ပြင်ဆင်ချက် ဖြစ်ပါတယ်။ ခရိုင်တရားရုံးက အမိန့်ချမှတ်ထားတာ ဖြစ်တဲ့အတွက် တိုင်းဒေသကြီး တရားလွှတ်တော်ကို တင်သွင်းရခြင်း ဖြစ်ပါတယ်။

တိုင်းဒေသကြီး တရားလွှတ်တော်ကနေ ပြင်ဆင်ချက် တင်သွင်းတာကို လက်ခံရင် အမှုကို ဆက်လက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ တရားလိုပြ သက်သေ ၂၂ ဦး ရှိတဲ့အနက်မှာ ၁၄ ဦး ထွက်ဆိုချက် ပေးပြီး ဖြစ်တဲ့အတွက် ကျန်တဲ့ သက်သေ ၈ ဦးကို ဆက်လက် စစ်ဆေးရမယ်လို့ ဆိုပါတယ်။

ပြည်ပထွက်သွားပြီ၊ မရှိတော့ဘူး ဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း အစိုးရအနေနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ သာဓကတွေ ရှိတဲ့အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Share

Loading Next Article...
က္က