သြဂုတ်လ ၁၂ ရက်မှာ အမျိုးသားကဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

လူငယ်ပေါင်း ၁၅၀၀ နီးပါး တတ်ရောက်မယ့် နိုင်ငံတကာလူငယ်များနေ့အခမ်းအနားကို  သြဂုတ်လ ၁၂ ရက်မှာ အမျိုးသားကဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီအခမ်းအနားကို မြန်မာနိုင်ငံဆရာဝန်များအသင်း လူငယ်စီမံချက်ကနေ အဓိက ဦးဆောင်ပြုလုပ်တာဖြစ်ပါတယ်။

 

Photo- Duwun

လူငယ်တွေအတွက် ကျန်းမာရေး၊ပညာရေး၊လူ့အခွင့်အရေး၊မူးယစ်ဆေးဝါးအန္တရာယ် ကျားမတန်းတူမညီမျှမှု၊ တစ်ဦးနဲ့ တစ်ဦးမတူကွဲပြားမှု ဆိုတဲ့အကြောင်းအရာတွေကို အဓိကထားဆွေးနွေးသွားမှာဖြစ်တယ်လို့  မြန်မာနိုင်ငံဆရာဝန်များအသင်း လူငယ်စီမံချက် မှ နည်းပညာအကြံပေး ဒေါက်တာနေဝင်းက ပြောပါတယ်။

Photo- Duwun

“လူ့အခွင့်အရေးနဲ့ပတ်သက်တာ၊ မသန်စွမ်းလူငယ်တွေအတွက်လိုအပ်ချက်၊ တိုင်းရင်းသားလူငယ်တွေအတွက် လိုအပ်ချက်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာ တွေကို လူငယ်တွေအချင်းချင်း အပြန်အလှန်ဆွေးနွေးကြမှာဖြစ်တယ်။ အသိပညာပေးပြခန်းတွေမှာလည်း ကုလသမဂ္ဂ၊ NGO၊INGO အဖွဲ့အစည်းတွေကလာရောက်ပြသမှာဖြစ်တယ်” လို့ ဒေါက်တာနေဝင်းကပြောပါတယ်။

ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ နေ့လည် ၃ နာရီကနေ ည ၆ နာရီ အထိ ကျင်းပသွားမှာဖြစ်ပြီး ပညာပေးပြခန်းပေါင်း ၁၇ နဲ့ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ထည့်သွင်းကျင်းပမှာဖြစ်ပါတယ်။

အဲဒီအခမ်းအနားကို တတ်ရောက်လိုတဲ့လူငယ်တွေအနေနဲ့ လက်မှတ်တွေကို သြဂုတ်လ ၅ ရက်ကနေ ၈ ရက်အထိ သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံဆရာဝန်များအသင်းမှာ အခမဲ့ထုတ်ယူနိုင်တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က