လုံခြုံရေးဝန်ထမ်းအပြင် သန့်ရှင်းရေးဝန်ထမ်းလည်း ခန့်ထားပါတယ်။

မန္တလေးမြို့မှာ ပထမဆုံး အဆင်မြင့်လမ်းဘေးသန့်စင်ခန်းကို စတင်ဖွင့်လှစ်လိုက်ပြီး သြဂုတ်လ ၁ ရက်နေ့မှာ စတင်အသုံးပြုနိုင်တယ်လို့ မန္တလေးမြို့တော်ဝန် ဦးရဲလွင်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

မန္တလေးမြို့ ကျုံးဘေး လမ်း ၇၀ ၂၆ လမ်းနဲ့ ၂၇ လမ်းကြားမှာရှိပြီး ပိတ်ရက်မရှိ နေ့တိုင်း မနက် ၅ နာရီကနေ ည ၈ နာရီအထိ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

 

Photo -Ye Lwin Facebook

လမ်းဘေးသန့်စင်ခန်းအတွက် ကြီးကြပ်ရေးမှူး ၂ ယောက်နဲ့ လုံခြုံရေးဝန်ထမ်းလည်းထားရှိထားတယ်လို့ သိရပါတယ်။

 

Photo -Ye Lwin Facebook

ဒါ့အပြင် အဆင့်မြင့်သန့်ရှင်းရေးသင်တန်းပေးထားပြီး သန့်ရှင်ရေးဝန်ထမ်း အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ အလှည့်ကျ ဆောင်ရွက်သန့်ရှင်းရေးလုပ်ဆောင်မှာဖြစ်ပါတယ်။ 

 

Photo -Ye Lwin Facebook

လိုအပ်တဲ့သူတွေ စည်းကမ်းတကျသုံးစွဲဖို့ တစ်ဦးကို ၂၀၀ ကျပ် ကောက်ခံမယ်လို့လည်း မြို့တော်ဝန်က ဆိုပါတယ်။

Share

Loading Next Article...
က္က