AD
AD
AD

ရေကြီးနစ်မြှုပ်မှုတွေကြောင့် မော်လမြိုင်ကနေ ရန်ကုန်ကို ပြေးဆွဲတဲ့ ရထားတွေကို ဇူလိုင် ၂၇ ရက်က စတင်ရပ်နားထားက ဒီနေ့ ဇူလိုင် ၃၁ ရက်အထိ ယာယီရပ်နားထားဆဲဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

 

play

Photo - တပ်​မ​တော်​ကာကွယ်​ရေးဦးစီးချုပ်​ရုံး

မွန်ပြည်နယ်မှာ မိုးများပြီး ရေကြီးမှုကြောင့် ဒုံဝန်းဘူတာနဲ့ နှင်းပုလဲဘူတာကြားမှာ ရထားလမ်းရေကျော်ကာ တာဘောင်တွေ ရေတိုက်စားခဲ့ပြီး တံတားတစ်စင်းပျက်စီးသွားခဲ့ပါတယ်။

 

play

Photo _ Than Kyi

ဒီနေ့ ဇူလိုင် ၃၁ ရက်မှာ ရေပြန်ကျသွားပြီး တာဘောင်တွေကို ပြန်လည်ပြုပြင်နေကာ ယခုအပတ်အတွင်း ပြန်ဖွင့်နိုင်အောင် စီစဉ်နေတယ်လို့ မြန်မာ့မီးရထား သွားလာရေးဌာန အထွေထွေ မန်နေဂျာ ဦးကျော်ကျော်မျိုးက ဓူဝံမီဒီယာကို ပြောပါတယ်။

“ ရန်ကုန်-မော်လမြိုင်ပြေးဆွဲနေတဲ့ ၃၅ အဆန်၊ ၃၆ အစုန် အမြန်ရထားတွေကို ဖျက်သိမ်းထားဆဲပဲဖြစ်တယ်။ရထားလမ်းကို အားချင်းပြင်နေတယ်။ ပျက်စီးသွားတဲ့ တံတားကို အမြန်ဆုံးပြင်ဆင်နေပါတယ်။သိပ်ပြီးတော့ မကြာလောက်ပါဘူး။” လို့ ဦးကျော်ကျော်မျိုးက ပြောပါတယ်။

play

Photo - Aung Cho Oo

လက်ရှိတော့ ရန်ကုန်- နှင်းပုလဲ ဘူတာအထိ အစုန်အဆန်ရထားတွေကို ပြေးဆွဲပေးနေပြီးမော်လမြိုင်၊ ရေး၊ ထားဝယ်ကို သွားမယ်အစုန်၊ အဆန်ရထားတွေကိုတော့ ပုံမှန်ပြေးဆွဲနေတယ်လို့သိရပါတယ်။

ဒါ့အပြင် ဒီနေ့ ဇူလိုင် ၃၁ ရက်က စတင်ကာ ရန်ကုန်-မန္တလေးလမ်းမှာ ပြေးဆွဲနေတဲ့ ရထားအားလုံးကို ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲနေပြီး ရန်ကုန်-မန္တလေး၊ ရန်ကုန်-သာစည်၊ ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-ပဲခူး အစုန်အဆန် ရထား ၁၆ စီးကို ပြေးဆွဲနေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD