ရေဘေးကယ်ဆယ်ရေးတွေလိုအပ်နေပါတယ်။

 

တိုင်းနဲ့ ပြည်နယ်ကိုးခုက ရေဘေးသင့်စခန်းတွေမှာ လူဦးရေတစ်သောင်းကျော် ခိုလှုံနေရပြီးတော့ ပဲခူးတိုင်းက အများဆုံးပါဝင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်

မိုးရွာသွန်းတာကြောင့် နမ့်မွန်း-အုန်းစံဆိိုင်-ဘီလူးမြေသားလမ်း ၁ ပေခန့်နိမ့်ကျပျက်စီး။

ကရင်ပြည်နယ်

ဘားအံမှာ မဲဘောင်းချောင်းရေတိုက်စားလို့ နိုင်းကြာ- လှိုင်ဝါးကျေးရွာကြားသံကူကွန်ကရစ်တံတားတစ်စင်း ပြိုကျ။

စစ်ကိုင်း

ဝန်းသိုမှာ တီခါချောင်းရေမြင့်တက်လို့ ဝန်းသို-နန်းခမ်းကားလမ်း မိုင်တိုင်(၄/၁၁) တီခါချောင်းတံတား ချဉ်းကပ်လမ်းသုံးပေလောက်ရေမျောပျက်စီး။

ပဲခူးတိုင်းဒေသကြီး

ဒိုက်ဦးမှာချောင်းရေမြင့်တက်တာကြောင့် လူဦးရေ ၃၉၃ ဦး ရေဘေးသင့်။ ကျောက်ကြီးမြို့နယ်မှာ မိုးရွာတာကြောင့် လူဦးရေ ၁၉၉ ဦး၊ညောင်လေးပင်မှာ လူဦးရေ ၃၃၀ ဦး၊ ဝေါမြို့နယ်မှာ  ၃၇၁၆ ဦး၊ ရွှေတောင်မြို့နယ်မှာ ၄၂ ဦး၊ ထန်းတပင်မြို့နယ်မှာ ၅၀၀ ဦး၊ ကဝမြို့နယ်မှာ ၂၂၁ ဦး ရေဘေးသင့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ-ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး

မွန်ပြည်နယ်

ပေါင်မြို့နယ်မှာ လူဦးရေ ၅၀ ၊ ဘီးလင်းမြို့မှာ ၅၆၇၀ ဦး၊ နဲ့ သထုံမှာ ၂၁ ဦး ရေဘေးသင့်နေ။

" ဇူလိုင် ၃၁ စာရင်းတွေအရတော့ ပြန်လည်ထူထောင်ရေးအတွက်နဲ့ဆေးဝါး၊ဓါတ်စာတွေလိုနေပါတယ်။စာရေးကိရိယာလိုနေတာပါ။ရေက ပုံမှန်တက်ပေမယ့်တောင်ကျရေကများတော့ပြန်လည်ထူထောင်ရေးအတွက် လုပ်နေရတယ်။ကယ်ဆယ်ရေးစခန်းတွေမှာ ၁၂၈၉၆ ယောက်လောက်ရှိနေပါတယ်။ဘီးလင်းတစ်မြို့နယ်လုံးစာပါ။ ရေကတော့ စိုးရိမ်ရေမှတ်အောက်ရောက်ဖို့ပဲလိုတော့တယ်။ရေကတော့ကျနေပါပြီ။ တပ်မတော်သားသုံးဦး သေဆုံးခဲ့တယ်။ရေဘေးကယ်ရင်းနဲ့မှ ။ကျန်တဲ့ပြည်သူတွေတော့သေဆုံးမှုမရှိသေးဘူး။ '' ဘီးလင်းမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာက ဓူဝံကို ပြောပါတယ်။

ဓါတ်ပုံ-ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး

ရန်ကုန်တိုင်း

ဗဟန်း၊ခြောက်ထပ်ကြီးဘုရားအုတ်တံတိုင်းပြိုကျပြီး မော်တော်ယာဉ် ၁ စီးလေကာမှန်ကွဲ၊ လူတစ်ဦး မစိုးရိမ် ဒဏ်ရာရ

ရှမ်းပြည်နယ်

လားရှိုးမှာ ကွန်ကရစ်တံတားမြေထိန်းနံရံ ၁ ခုနဲ့ လမ်းရေကျော်မှုများဖြစ်နေ။

တနလာၤရီတိုင်း

စခန်းသစ်ကျေးရွာမှာ စာသင်ကျောင်းတစ်ကျောင်းပိတ်ထားရ ၊

ဟိန္နားသတ္တုတွင်းမှာ ခဲကျင်နေစဉ် မြေပြိုပြီး လူတစ်ဦး သေဆုံး ၊ကော့သောင်းမြို့မှာမြေပြိုပြီးလူငါး ဦးသေဆုံး။

ဧရာဝတီတိုင်းဒေသကြီး

အင်္ဂပူမြို့နယ်မှာ မြစ်ကမ်းပါးပြိုကျတာကြောင့် ပျဉ်ခင်းနေအိမ် ၅ လုံးကိုပြောင်းရွှေ့ခဲ့ရ။

ဓနုဖြူမှာ လေပြင်းတိိုက်လို့ အိမ် ၂ လုံးအမိုးလန်၊ပျက်စီးမော်လမြိုင်ကျွန်းမှာ မိုးရွာတာကြောင့် နေအိမ်တစ်လုံး အမိုးလန်ပျက်စီး ။

 

Share

Loading Next Article...
က္က