ပိုက်ဆံပေးပြီးကြေအေးတာမဟုတ်ဘူးလို့ ရဲထွေးအောင်အဖေက ပြောပါတယ်။

သရုပ်ဆောင်အောင်ရဲထွေး အမှုကို တရားလိုတွေဘက်ကနေ ရုပ်သိမ်းခဲ့တာကို ဥပဒေနဲ့ အညီမှန်ကန်စွာဆောင်ရွက်ဖို့အတွက် နိုင်ငံတော်သမ္မတကပြည်ထောင်စုတရားသူကြီးချုပ်ကို ဇူလိုင် ၃၁ ရက်နေ့က ညွှန်ကြားလိုက်ပါတယ်။

 

photo- yangon police

ဇူလိုင် ၃၁ ရက်နေ့ နိုင်ငံတော်သမ္မတ အိမ်တော်မှာ  ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ တို့နဲ့ တွေ့ဆုံပြီးတော့ အမှုုရုပ်သိမ်းခြင်းရဲ့ နောက်ခံအကြောင်းရင်းတွေ၊အခြားဆက်နွယ်ပတ်သတ်မှုတွေနဲ့ စပ်လျဉ်းပြီးတော့ တိတိကျကျစိစစ်ပြီးတော့ ဥပဒေနဲ့ အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ လမ်းညွှန်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက  ရေးသားခဲ့ပါတယ်။

ကာယကံရှင်မိသားစုဝင်တွေက ရုပ်သိမ်းလွှာတင်ပြထားတဲံအပေါ်မှာသက်သေတွေကို စစ်ဆေးမေးမြန်းတဲ့အခါ ၁၄ ဦးရဲ့ထွက်ဆိုချက်တွေက ခိုင်လုံမှုမရှိတဲ့အပြင် ရိုက်နှက်မှုဖြစ်နေချိန်မှာ သက်သေတွေက ဘယ်သူဆိုတာကို အတည်ပြုခြင်းလည်းမရှိတာကြောင့် တိုင်းဒေသကြီးဥပဒေချုပ်က အမှုကို ရုပ်သိမ်းဖို့ ရုပ်သိမ်းလွှာတင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို တင်သွင်းပြီးနောက်မှာ ကျူးလွန်သူ ၃ ဦးကို လွှတ်ပေးလိုက်တဲ့နောက်မှာတော့ အများပြည်သူအကြားမှာ ဥပဒေစိုးမိုးမှုအပေါ်ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက်မှာ သမ္မတကိုယ်တိုင်က ဒီအမှုကို သေချာပြန်လည်စိစစ်ပြီး တရားမျှတမှုရှိစေဖို့ ညွှန်ကြားတာတွေထွက်ပေါ်ခဲ့ပါတယ်။

‘ နိုင်ငံတော်က ပြန်လုပ်ပေးတယ်ဆိုရင် ဝမ်းသာတာပေါ့။ သူတို့ကို ပြစ်ဒဏ်အပြည့်အဝချချင်တာ။ ဘာသာလည်းတူ၊နောက်ပြီး ထောင်ကျလည်း နှစ်နည်းနည်းပါးပါးလျော့မယ်၊ကျေအေးစာတင်ပေးဆိုလို့ လက်မှတ်ထိုးတယ်။လက်မှတ်ထိုးတော့လည်း ငါလည်း လက်မှတ်မယူထားဘူး။ငါတို့က တရားရုံးကို မလာရရင် တော်ပြီ။ တရားရုံးမှာငါတို့ အနှိမ်ခံရတယ်။တရားရုံးမှာ ဟိုလူနှိမ်၊ဒီလူနှိမ်နဲ့ ငါတို့ကသူတို့ကိုယှဉ်ပြီးမလုပ်နိုင်ဘူး။ငါတို့ကရှုံးမှာ။အင်အားမရှိဘူး။ဒါကြောင့် ငါတို့က အဲ့လိုလုပ်ပေးလိုက်တာ။ ပိုက်ဆံပေးတယ်ဆိုတာမဟုတ်ဘူး။ပေးလည်းမယူဘူး။ငါတို့မှာ သားတွေရှာပေးထားတာရှိပြီးသား’ ဆိုပြီးတော့ အသတ်ခံရသူ ရဲထွေးအောင်ရဲ့ ဖခင်ကို ဓူဝံက နေ ဖုန်းခေါ်ဆိုရာမှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အမှုကျေအေးပြီးနောက် ကျူးလွန်သူအသုံးပြုခဲ့သည့် လူမှုကွန်ယက်

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ ၂၀၁၈ ခုနှစ် ရာဇဝတ်မှုကြီးအမှတ် ၃၄ တရားလို ကိုသန့်ဇင်ဦးနဲ့ တရားခံ

သန်းထွဋ်အောင်၊ ပါ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ စွဲဆိုမှုရုပ်သိမ်းလွှာတင်ပြသူတွေက အစ်ကိုဖြစ်သူ သန့်ဇင်ဦး၊ ဖခင်ဖြစ်သူ ဦးမြင့်ဦး ၊ မိခင်ဖြစ်သူ ဒေါ်သန်းသန်းထွေးနဲ့ အစ်ကိုဖြစ်သူ နေဇင်လတ်တို့က ရုပ်သိမ်းလွှာကို တင်သွင်းခဲ့တာဖြစ်ပြီး တရားခံသုံးဦးကို ပြန်လွှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ကျူးလွန်သူတွေက ပြည်ပကို ထွက်ခွာရင်တောင် နိုင်ငံတကာရဲတပ်ဖွဲ့ နဲ့ နိုင်ငံချင်းပူူးပေါင်းဆေင်ရွက်ပြီး ချိတ်ဆက်လုပ်ဆောင်မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တာပါ။

သရုပ်ဆောင်အောင်ရဲထွေးကို the one entertainment မှာလူတစ်စုက ဝိုင်းဝန်းကန်ကျောက်ခြင်းခံရတာဖြစ်ပြီးတော့ ၂၀၁၈ ဇန်နဝါရီ ၂ ရက်နေ့မှာ ဦးခေါင်းက ဒဏ်ရာတွေကြောင့် သေဆုံးပြီးတဲ့နောက်မှာ အဆိုပါ ကျူးလွန်သူ ၃ ဦးကို တရားစွဲဆို စစ်ဆေးပြီး ရှစ်လအကြာမှာ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

 

 

 

Share

Loading Next Article...
က္က