AD
AD
AD

မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးသရုပ်ပြပြိုင်ပွဲတစ်ခုကို ရန်ကုန်မြို့မှာ လက်ခံကျင်းပဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံက ဥပဒေကျောင်းသားလူငယ်တွေအနေနဲ့ အတွေ့အကြုံကောင်းတွေ ရရှိစေဖို့ ရည်ရွယ်ပြီး ဒီလိုလုပ်တာဖြစ်တယ်လို့ အာဆီယံ ဥပဒေကျောင်းသားများအသင်း(မြန်မာပြည်)ရဲ့ ဥက္ကဌ ကိုကောင်းမြတ်အာကာ က ဓူဝံကိုပြောပါတယ်။

play
Photo - ALSA Myanmar

 

ပြိုင်ပွဲကို သြဂုတ်လ ၂၄ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး အဓိကအားဖြင့်တော့ ရင်းနှီးမြှုပ်နှံမှု ၊ အငြင်းပွားမှု စီးပွားရေးဆိုင်ရာ သရုပ်ပြတရားခွင် ပြိုင်ပွဲကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။

အခုပြုလုပ်မယ့် (AIMCC 2018) ပြိုင်ပွဲဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်ကျင်းပမယ့် နိုင်ငံတကာ ဆိုင်ရာ စီးပွားရေးဆိုင်ရာသရုပ်ပြပြိုင်ပွဲဖြစ်တဲ့အတွက် မြန်မာနိုင်ငံကဥပဒေကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ လေ့လာခွင့်ရမှာဖြစ်ပါတယ်။ နိုင်ငံတကာ က ဥပဒေကျောင်းသားတွေနဲ့ ယှဉ်ပြိုင်ကြရမှာဖြစ်တဲ့အတွက် အတွေ့ကြုံကောင်းတွေရရှိနိုင်မယ်လို့လည်း ဆိုပါတယ်။

ပြိုင်ပွဲမှာ နိုင်ငံတကာက အသင်း ၂၀ ကျော်လာရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံက ၃ သင်းပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ အာဆီယံ ဥပဒေကျောင်းသားများအသင်းက သိရပါတယ်။ အဲ့ဒီနောက် အဆင့်ဆင့်ဖြတ်ကျော်ရင်း ဆီမီးဖိုင်နယ်၊ ဖိုင်နယ် စတာတွေကို ရောက်အောင် သွားရမှာဖြစ်ပါတယ်။

ပြိုင်ပွဲကျင်းပနေစဉ်အတွင်းမှာ ပြည်တွင်းနဲ့ နိုင်ငံတကာက စီးပွားရေး ဥပဒေပညာရှင်တွေ၊ ရှေ့နေတွေ၊ ဥပဒေရေးရာကျွမ်းကျင်သူတွေရှေ့မှာ ပြိုင်ရမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD