ငွေကြေးမပေးရင် အချိန်ဆွဲပြီး လုပ်မပေးတာတွေလည်းရှိတယ်လို့ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦစီးအရာရှိ ဦးဇော်မိုးကို နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုစာရင်း ပြုလုပ်သူတွေဆီက ငွေကြေးနဲ့ လက်ဆောင် ပစ္စည်းတွေ တောင်းခံတာတွေ၊ ဦးစီးအရာရှိရုံးခန်းထဲမှာ အလှုခံပုံးထားတာတွေကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူလိုက်တယ်လို့သိရပါတယ်။

25659336_897516857071702_5700026859825308413_n.jpg

Photo - အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဖေ့ဘုတ်

 

ဦးဇော်မိုးသည် မိုးညိုမြို့နယ်လဝက ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ငွေကျပ် ၆၀၀၀၀၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုဇယားပြုလုပ်သူတွေဆီက ငွေကျပ် ၆၀၀၀၀ နဲ့ ၁၉၀၀ဝိ ကျပ်တန် အရက် (၁)ပုလင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူလျှောက်ထားတဲ့သူဆီက ငွေကျပ် ၂၀၀၀၀ ၊ စုစုပေါင်း ငွေကျပ် ၁၄၀၀၀၀ နှင့် ၁၉၀၀၀ တန် အရက်(၁)ပုလင်းကို တောင်းခံရယူခြင်းဖြင့် အဂတိလိုက်စားမှုကို ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖေ့ဘုတ်လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် ကျေးရွာနယ်မြေခံသတင်းတွေအရ ငွေကြေးမရရင် အကြောင်းအမျိုးမျိုးပြကာ အချိန်ဆွဲပြီး လုပ်ငန်းဆောင်ရွက်မပေးဘဲ ငွေ ကြေးပေးမှသာ ဆောင်ရွက်ပေးလေ့ရှိတယ်လို့လည်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အရေးယူဆောင်ရွက်ဖို့ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ မြို့မရဲစခန်းတွင် သြဂုတ်လ ၁ ရက်နေ့ မှာ ပထမသတင်းပေးတိုင်ချက်ဖွင့်လှစ်ပြီး တရားစွဲဆိုအရေး ယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က