ထွက်ပြေးနေဆဲ ထွန်းတောက်အိမ်အကူအကျိုးဆာင် ပိုင်ရှင် ဒေါ်မြင့်လည်း ပါပါတယ်။

ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးက အဓမ္မပြုကျင့်တယ်ဆိုပြီး လီဆယ်တိုင်ကြားခဲ့တဲ့ အိမ်အကူ ဒေါ်ခင်မာမြင့်အပါအဝင် ပွဲစား ဒေါ်ညိုနဲ ထွက်ပြေးတိမ်းရှောင်နေဆဲ ထွန်းတောက်အိမ်အကူအကျိုးဆာင် ပိုင်ရှင် ဒေါ်မြင့်တို့ကို ဒီနေ့ သြဂုတ်လ ၁ ရက်နေ့ က ထောင်ဒဏ်ဆယ်နှစ်အထိ ချမှတ်နိုင်တဲ့ ခြိမ်းခြောက်ငွေတောင်းခံမှု ပုဒ်မ ၃၈၉ နဲ့ တရားစွဲတင်လိုက်ပြီလို့သိရပါတယ်။





ဒေါ်ခင်မာမြင့်နဲ့ ဒေါ်ညိုတို့ကို ဒီနေ့နေ့လယ်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ်ရုံးထုတ်ရမန်ယူပြီးနောက် အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီးနောက်ထပ်ရုံးချိန်းကို သြဂုတ်လ ၁၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားကြောင်းသိရပါတယ်။



လက်ရှိတော့ ခင်မာမြင့်က သီဟတင်စိုးကို တိုင်ကြားထားတဲ့ အဓမ္မပြုကျင့်မှုကို ပိတ်သိမ်းဖို့အတွက် ရဲတပ်ဖွဲ့က ဥပဒေအကြံပြုချက်တောင်းခံထားပြီး အမှုပိတ်သိမ်းပြီးရင် ပုဒ်မ ၂၁၁ လိမ်လည်စွပ်စွဲတိုင်ကြားမှုနဲ

အမှုဖွင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



"အခုလောလောဆယ်မှာ မဇင်မာဦးက တရားလိုလုပ်ပြီး အမှုဖွင့်ထားတဲ့ ပုဒ်မ ၃၈၉ နဲ့ တရားစွဲတင်လိုက်ပြီး။ သီဟတင်စိုးအမှုပိတ်ဖို့ကို ဥပဒေအကြံပြုချက်တာင်းထားတယ်။ ရဲကနေ တရားလိုလုပ်ပြီး ပုဒ်မ ၂၁၁ နဲ့ အမှုစွဲတင်မယ်" လို့ သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဦးက ပြောပါတယ်။

ခင်မာမြင့်ဟာ ပဲခူးအမှတ် (၃)ရဲစခန်းမှာလည်း မုဒိန်းမှုနဲ့ အမျိုးသားတစ်ယောက်ကို တိုင်ကြားထားပါသေးတယ်။ သရုပ်ဆောင်သီဟတင်စိုးကို မုဒိမ်းမှုနဲ့ အရေးယူပေးဖို့ အတွက် ဇူလိုင်လ ၁၄ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က