AD
AD
AD

ကနေဒါနိုင်ငံ၊ Winnipeg လူ့အခွင့်အရေးပြတိုက်မှာရှိတဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံကို ဖယ်ရှားတော့မယ်လို့ ပြတိုက်တာဝန်ရှိသူတစ်ယောက်ရဲ့ပြောဆိုချက်ကိုကနေဒါမီဒီယာတွေကဖော်ပြပါတယ်။

play
Photo - TimminsToday.com



အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ လူ့အခွင့်အရေးနဲ့ မညီမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ကာကွယ်သူများနဲ့ မှတ်တိုင်များဆိုပြီး နှစ်ကာလအလိုက် ဖော်ပြထားတဲ့ ပြကွက်ကနေ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကို ဖယ်ရှားမယ်လို့ ကနေဒါသတင်းစာတွေကဖော်ပြပါတယ်။

play
Photo - latestcanada.com


ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုကိုရရှိခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ် အသိအမှတ်ပြုချီးမြှင့်ထားတာဖြစ်ပါတယ်။


အဲ့ဒီ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားတွေရဲ့ ဓာတ်ပုံပြခန်းမှာ တခြားလူတွေနဲ့အတူ ချိတ်ဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရုပ်ပုံကြီးကို ထိုးထားတဲ့မီးတွေကိုလည်း မှိန်ချထားလိုက်ပါပြီ။

ဒါပေမယ့် ရခိုင်ပြည်နယ်ကိစ္စတွေရဲ့နောက်ပိုင်းမှာတော့ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ် ချီးမြှင့်ထားတာကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုမှုတွေလည်းရှိနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD