မြန်မာနိုင်ငံကဆရာတော်တွေ ဦးဆောင်ကြတာပါ။

ပထမအကြိမ် ဥရောပဗုဒ္ဓဘာသာလူငယ်ဖိုရမ်ကို ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တော်အနီး ဓမ္မဆာယာ ဓမ္မအရိပ်သာသနာပြုကျောင်းတော်မှာ (၆)ရက်ကြာ ကျင်းပခဲ့ပြီးနောက် ဥရောပဗုဒ္ဓဘာသာလူငယ်အဖွဲ့ European Buddhist Youth Organization ကို ဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့ ဖိုရမ်ကို ဦးဆောင်ကျင်းပတဲ့ ဓမ္မအရိပ်ကျောင်း ပဓာန နာယကဆရာတော် ဦးကုသလသာမိကမိန့်ပါတယ်။



38212452_2331628177064688_2038430738977652736_n.jpg

Photo - European Buddhist Youth Organisation



ဇူလိုင်လ ၂၆ ရက်ကနေ ၃၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့တဲ့ အဲဒီဖိုရမ်ကို ဓမ္မအရိပ်ကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တကုသလသာမိ၊ မြန်မာနိုင်ငံ ကျိုက်သီမွန်ဆရာတော် ဘဒ္ဒန္တဒေါက်တာက္ကန္ဒာလင်္ကာရ ဆရာလေးဒေါ်ကေတုမာလာ တို့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။



ဥရောပဗုဒ္ဓဘာသာလူငယ်အဖွဲ့အနေနဲ့ တရားဝင်မှတ်ပုံတင်ပြူလုပ်သွားမှာဖြစ်ပြီး ဥရောပရောက် မြန်မာလူငယ်များအချင်းချင်း ပညာရေး၊ လူမှုရေးဆိုင်ရာများ ပူးပေါင်းလုပ်ဆောင်နိုင်စေရန်၊ နှစ်စဉ်နှစ်တိုင်း ဗုဒ္ဓဘာသာလူငယ်များအချင်းချင်း တွေ့ဆုံပွဲများ ကျင်းပနိုင်ရန် အခြားအခြားသော ကမ္ဘာ့လူငယ်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

Photo - European Buddhist Youth Organisation





ဖိုရမ်ကို ဂျာမနီ၊ နယ်သာလန်၊ အင်္ဂလန်၊ ဖင်လန်၊ ဆွစ်ဇာလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေစသည့် နိုင်ငံပေါင်း (၈)နိုင်ငံမှ လူငယ် (၅ဝ) ဦး တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဥရောပရောက်မြန်မာလူငယ်တွေရဲ့ဘာသာရေးခံယူချက်၊ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ဗဟုသုတအတိမ်အနက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။



အနာဂတ်ကာလမှာ လူငယ်တွေက ဦးဆောင်ပြီး ဗုဒ္ဓဘာသာညီလာခံတွေကျင်းပခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်တွေ ကျင်းပခြင်း၊ လူငယ်တွေ ကိုယ်တိုင် ပါဝင်သော တရားစခန်းပွဲတွေ၊ တရားဆွေးနွေးပွဲတွေ၊ ဓမ္မသင်တန်းတွေ ကျင်းပခြင်း၊ အခြားသော ကမ္ဘာ့လူငယ်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ဖိုရမ်က ထုတ်ပြန်ပါတယ်။

Share

Loading Next Article...
က္က