မြန်မာနိုင်ငံသား ၈ ယောက်နဲ့ တရုတ် ၂ ယောက်ပါ။

ကလေးဝမြို့နယ်၊ သစ်ချောက်ကျေးရွာ မှ ဝါးရဲလမ်းအတိုင်း အတွင်း(၁၀)မိုင်ခန့်မှာ

ထွန်းသွင်ကုမ္ပဏီရဲ့ လုပ်ကွက် ၊ လက်ခွဲလုပ်ကိုင်နေတဲ့ ရွှေပေါက်ပေါက် ကုမ္ပဏီ ရဲ့ကျောက်မီးသွေးတွင်း ပြိုကျမှုဖြစ်ပြီး လူ ၁၀ ယောက်အထဲမှာ ပိတ်မိနေတယ်လို့ စစ်ကိုင်းတိုင်းအစိုးရက လူမှုကွန်ရက်မှာသတင်းထုတ်ပြန်ထားပါတယ်။

38280489_2105156073080728_8282118241560559616_n.jpg

Photo - Sagaing Regional lnformation Page

 

ပိတ်မိသူတွေဟာ တရုတ်နိုင်ငံသား(၂)ဦး နဲ့ မြန်မာနိုင်ငံသား(၈)ဦး ဖြစ်ပါတယ်။ ကျောက်မီးသွေးတွင်းပြိုကျမှုဟာ သြဂုတ်လ ၂ ရက်နေ့ညကဖြစ်ပွားခဲ့ပေမယ့် သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးထံကို သြဂုတ်လ ၃ရက်နေ့ မနက်(၉)နာရီကမှ ကုမ္ပဏီကနေ အကြောင်းကြားသတင်းပို့ခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် သတင်းရလျှင်ရခြင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ကလေးခရိုင်ထွေအုပ်ရုံးနှင့် ကလေးဝမြို့နယ်မှကယ်ဆယ်ရေးများ၊ လူနာတင်ကားများဖြင့်ေ ကျာက်မီးသွေးတွင်းသို့သွားရောက်နေတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က