ရုံးပြောင်းစစ်ဆေးဖို့ လျောက်ထားမှု လာမယ့် ၉ ရက်နေ့ ဆုံးဖြတ်မှာပါ။

အဆိုတော်အစ္စဏီရဲ့အမှုကို ရုံးပြောင်းစစ်ဆေးသင့်မသင့်အား သြဂုတ်လ ၃ ရက်နေ့က

ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ကြားနာစစ်ဆေးခဲ့ပါတယ်။ အဓမ္မကျင့်နှိပ်စက်မှုနဲ့ အဆိုတော်အစ္စဏီကို တရားစွဲဆိုထားခဲ့တဲ့ မော်ဒယ် စူးရှထက်ကအမှုကို ရုံးပြောင်းစစ်ဆေးဖို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။



Capture3.PNG

ဒီနေ့ ရုံးချိန်းကို အစ္စဏီဘက်က ရှေ့နေလာရောက်ခဲ့ပါတယ်။ တရားလိုဘက်မှ စူးရှထက်ရော ရှေ့နေရော ရောက်လာခြင်း မရှိခဲ့ပါဘူး။



အစ္စဏီရဲ့ရှေ့နေကတော့" ကျွန်တော်တို့တော့ ရုံးကိုလေးစားတဲ့ အတွက်လာပါတယ်။ ကျွန်တော့် အမှုသည်က အထဲမှာ နေနေရတာဆိုတော့ အရင်က ရောဂါဟောင်းတွေဖြစ်တဲ့ အဆုတ်တို့ နှလုံးအဆို့ရှင် တို့ ပြန်ဖြစ်နေပါတယ်။ ကျန်းမာရေးဆိုးဆိုးရွားရွားခံစားနေရတာ ၃ ပတ်ကျော် ၄ ပတ်လောက်ရှိပါပြီ။"လို့ Duwun ကိုပြောပါတယ်။



အမှုကို ရုံးပြောင်းစစ်ဆေးသင့်မသင့်ကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ သြဂုတ်လ ၉ ရက်နေ့တွင်

အမိန့်ချမှတ်သွားမှာ ဖြစ်ပါတယ်။

ဧပြီလ ၁၂ ရက်နေ့က  အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက်အဂါၤတွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။



ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ  မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က