၂၄ နာရီလောက် ပိတ်မိပြီး သေဆုံးသွားကြတာပါ။

ကလေးဝ မြို့နယ်က ကျောက်မီးသွေးဥမင်လှိုင်ခေါင်းအတွင်း ပိတ်မိနေတဲ့ မြန်မာ ၄ ယောက်နဲ့ တရုတ်လူမျိူး ၁ ယောက်ဟာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ကသိရပါတယ်။

38294552_1079581868870575_7229734804592263168_n.jpg

Photo - Sagaing Regional lnformation Page

 

သြဂုတ်လ ၂ ရက်နေ့ည လယ်လောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် ကျောက်မီးသွေးတွင်းပြိုကျပြီး အထဲမှာ လူ ၅ ယောက် ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

ကျောက်မီးသွေးတွင်းပြိုကျမှုဟာ သြဂုတ်လ ၂ ရက်နေ့ညကဖြစ်ပွားခဲ့ပေမယ့် သက်ဆိုင်ရာဒေသအုပ်ချုပ်ရေးထံကို သြဂုတ်လ ၃ရက်နေ့ မနက်(၉)နာရီကမှ ကုမ္ပဏီကနေ အကြောင်းကြားသတင်းပို့ခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။

Photo - Sagaing Regional lnformation Page

 

ဒါကြောင့် သတင်းရလျှင်ရခြင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ကလေးခရိုင်ထွေအုပ်ရုံးနှင့် ကလေးဝမြို့နယ်မှကယ်ဆယ်ရေးများ၊ လူနာတင်ကားများဖြင့်ေ ကျာက်မီးသွေးတွင်းကို သွားရောက်ကယ်တင်ခဲ့ပေမယ့်ဂူပေါက်ပိတ်ပြီး အောက်ဆီဂျင်ပိုက်ပြတ်တောက်တာကြောင့် အထဲမှာ ပိတ်မိနေသည့် လူ(၅)ဦးအား သေဆုံးလျက်သာတွေ့ရတယ်လို့ဆိုပါတယ်။

ကနဦးထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော မြန်မာ ၈ ယောက်နဲ့ တရုတ် ၂ ယောက်လို့ပြောပေမယ့် တကယ်တမ်းမှာ မြန်မာ ၄ ယောက်နဲ့ တရုတ်လူမျိုး ၁ ယောက်ပဲဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က