AD
AD
AD

မြန်မာကျပ်ငွေ တန်ဖိုး ဆက်တိုက်ကျဆင်းနေပေမယ့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ဘာမှ ထင်သာမြင်သာဆောင်ရွက်မှု တစ်ခုမှ မရှိသေးဘူးဆိုပြီးတော့ စီးပွားရေးပညာရှင် ဦးမြင့်က ဝေဖန်လိုက်ပါတယ်။

play
Photo - UMFCCI



ဒါ့အပြင် အသက် ၇၉ နှစ်ရှိနေပြီဖြစ်တဲ့ အရင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကိုပဲ ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ဆက်လက်ထားရှိတာနဲ့ပတ်သက်ပြီး ဘာလုပ်နေတယ်ဆိုတာ နားမလည်နိုင်လို့ တာဝန်ရှိသူတွေအမြန်ဆုံးရှင်းပြဖို့ တိုက်တွန်းထားပါတယ်။

ဦးမြင့်က"ဦးကျော်ကျော်မောင်ရဲ့ အရည်အချင်းတွေကို ဖော်ပြပေးစေလိုပါတယ်။ ပြည်သူတွေကို အသိပေးစေလိုပါတယ်။ ကျွန်တော်တို့က တိုင်းပြည်မှာ ကိစ္စတစ်ခုပေါ်ရင် သိချင်တယ်။ ကျွန်တော်လည်း သိချင်သလို တိုင်းသူပြည်သားတွေလည်း သိချင်တယ်။" လို့ပြောဆိုထားပါတယ်။

play
Photo - Currency Compare Myanmar



သြဂုတ်လ ၄ ရက်နေ့ က မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်ခဲ့တဲ့ "ငွေကျပ် လဲလှယ်နှုန်းထား ဘာတွေဖြစ်နေသလဲ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေပွဲမှာ ဦးမြင့်က ခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာငွေကျပ်တန်ဖိုး ကျနေပြီး တစ်ဒေါ်လာကို ပြင်ပတွင် တစ်ဒေါ်လာ အရောင်း ၁၄၆၂ကျပ်၊ အဝယ် ၁၄၅၆ ကျပ် ဖြစ်နေပေမယ့် ဗဟိုဘဏ်က ထုတ်ပြန်မှုမှာတော့ ၁၄၃၁ ကျပ်လို့ သာဖော်ပြထားပါတယ်။

လက်ရှိ အစိုးရ တက်ခါစ ၂၀၁၆ ခုနှစ် ဧပြီလက မြန်မာကျပ်ငွေက ၃.၄ ရာခိုင်နှုန်းအထိ ငွေတန်ဖိုး တိုးတက်ခဲ့လို့ လူထု ယုံကြည်မှုများလည်း ရရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ် ဇွန်လတစ်လတည်းမှာ မြန်မာကျပ်ငွေ ၃.၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD