ဖမ်းဆီးရမိသူတွေကို ဆက်တိုက်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

သမ္မတရုံးက တိုက်ရိုက်ကိုင်တွယ်တဲ့မူးယစ်ဌာနကနေ မူးယစ်ဆေးဝါးရောင်းချသုံးစွဲသူ ၁၆၆ ဦးကို တတိယအကြိမ်အဖြစ် နဲ့ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။

38682907_650007032042749_1455218478473543680_n.jpg 

၂၀၁၈ ခုနှစ်ဇွန်လ ၂၆ ရက်နေ့မှာ စတင်ခဲ့တဲ့ မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနကို တိုင်ကြားလာတဲ့ စာရင်းတွေအရ ပြည်ထဲရေးဝန်ကြီးဌာနကနေတစ်ဆင့် သြဂုတ်လ ၄ ရက်နေ့အထိ အရေးယူခဲ့တဲ့ စာရင်းတွေအရ အမှုပေါင်း ၁၀၉ မှုပါဝင်ခဲ့ပါတယ်။

တရားခံတွေအနေနဲ့ ကျား (၁၄၂ )ဦး၊ မ (၂၄) ဦး အပါအဝင် စုစုပေါင်း ၁၆၆ ဦးကို အရေးယူဖမ်းဆီးခဲ့တာဖြစ်ပြီးတော့ ဘိန်းဖြူ ၁၇၃၉. ၃၅ ဂရမ်၊ ဘိန်းမဲ (၃၀) ဂရမ်၊ ဘိန်းချေးခဲ (၂၇.၅၀) ဂရမ်၊ဘိန်းရည်(ဝ.၁၀) လီတာ၊ ဘိန်းဆီခဲ (၅.၉၀) ဂရမ် အပါအဝင် မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတော့ ထပ်ပြီးဖမ်းဆီးဖို့ လုပ်ဆောင်မှာဖြစ်သလို ထုတ်ပြန်ပေးသွားမယ်လို့လည်း သိရပါတယ်။

မူးယစ်ဆေးဝါးဖမ်းဆီးတာတွေကို သမ္မတရုံးကနေ တိုက်ရိုက်ညွှန်ကြားချက်နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနနဲပ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကို တိုင်ကြားနိုင်တဲ့အပြင် ကြီးမားတဲ့ မူးယစ်ဆေးရောင်းဝယ်မှုတွေကို အထူးသတင်းတိုင်ကြားရေးဌာနဖုန်း 067-590200 , 067- 590233 ကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က